Trending Now

မူဆယ်မြို့တွင် ကားဝယ်မည်ဟု လိမ်ညာခေါ်ယူ၍ အမျိုးသမီးငယ်တဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရ

Spread the love

မူဆယ်မြို့တွင် ကားဝယ်မည်ဟု လိမ်ညာခေါ်ယူ၍ အမျိုးသမီးငယ်တဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရ

EPN
မူဆယ်၊ မတ် ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် အမျိုးသမီးငယ်တဦးအား ကားဝယ်မည်ဟု လိမ်ညာခေါ်ယူကာ ကားလာပြခိုင်းပြီး မုဒိမ်းကျင့်သတ်ဖြတ်၍ ကားယူဆောင်သွားသည့်ဖြစ်စဉ်တစ်ခု မတ်လ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်မရဲ့တူမလေးကို မနေ့ညနေ ၆ နာရီအချိန်လောက်က ကားဝယ်မယ်၊ တရုတ်ငွေ ငါးသောင်းခြောက်ထောင်ပေးမယ်၊ ကားလာပြပါလို့ ဖုန်းနဲ့ခေါ်တဲ့အတွက် ကားသွားပြတာ။ မနေ့ညက ပြန်မလာတော့ သူ့သူငယ်ချင်းအိမ်မှာပဲ အိပ်တယ်ထင်တာ။ ဒီမနက် ၆ နာရီကျတော့ မူဆယ်သုသာန်မှာ မျက်နှာကို တိပ်စည်းထားပြီး မုဒိမ်းကျင့် လူသတ်ပြီး စွန့် ပစ်ထားခဲ့တာ။ သုသာန်မှာ သွားကြည့်တော့ အပေါ်အတွင်းခံရော အောက်အတွင်းခံရော မရှိဘူး။ ကားလဲ ယူသွားတယ်ဟု” သေဆုံးသူ၏ အဒေါ်ဖြစ်သူက ဒေသတွင်း သတင်းဌာန တစ်ခုသို့ပြောဆိုထားသည်။

အဆိုပါဖြစ်စဉ်မျာ မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ကားရောင်းရန် သွားရောက်ပြသွားစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်မှ အလောင်းတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် သက်ဆိုင်ရာ ရဲစခန်းက ဆရာဝန်စစ်ချက်များကို ယူဆောင်ကာ မူဆယ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်ရန်လုပ်ဆောင်လျက်ရှိပြီး တရားခံအား အမြန်ဆုံးဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။