Trending Now

လဟယ်မြို့တွင် ဘရိတ်ရှူးပေါက်ပြီး ကုန်ကားတစ်စီး တိမ်းမှောက်ကာ လူတစ်ဦးသေဆုံး

Spread the love

လဟယ်မြို့တွင် ဘရိတ်ရှူးပေါက်ပြီး ကုန်ကားတစ်စီး တိမ်းမှောက်ကာ လူတစ်ဦးသေဆုံး

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၄

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကုန်ကားတစ်စီး ဘရိတ်ရှူးပေါက်ကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နေ့လည်ပိုင်းတွင် လဟယ်မြို့နှင့် နန်းယွန်းမြို့သို့သွားလမ်းပိုင်းတွင် (Foreland) ကုန်ကားတစ်စီးဘရိတ်ရှူးပေါက်ကာ အရှိန်လွန်ပြီး တိမ်း မှောက်ခဲ့သည့်အတွက် ယာဉ်ပေါ်ပါလာသည့် အမျိုးသား ၈ ဦးမှ တစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

” မနေ့က နေ့လည်ပိုင်းမှာ မှောက်တာလို့ ပြောတယ်။ ကားက ဘရိတ်ရှူးပေါက်ပြီး အရှိန်ထိန်းမရတော့တာနဲ့ လမ်းဘေးထိုး မှောက်သွားတာ။ ကားပါ်မှာကအမျိုးသားတွေပဲ ပါလာတာ။ စုစုပေါင်း က ၈ ယောက်ပါတာ။ တစ်ယောက်က‌‌အဲ့မှာပဲ သေသွားတယ်။ ကျန်တဲ့သူတွေလည်း စိုးရိမ်ရတယ်လို့ပြောတယ် ” ဟု ၎င်းကဆိုသည်။

ယာဉ်တိမ်းမှောက်မှုနဲ့ ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရာက်စစ်ဆေးကြည့်ရှူခဲ့ကြပြီး၊ သေဆုံးသူရုပ်အလောင်းနှင့် ဒဏ်ရာရလူနာများကို လဟယ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်၍ လဟယ်မြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းလွင်က တရားလိုပြုလုပ်၍ တိုင်တန်းခဲ့ရာ
မြို့မရဲစခန်းက ဥပဒေနှင့်အညီ အမှုဖွင့်၍ ယာဥ်မောင်းအီကြောင်ကို စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။