Trending Now

မြစ်ကြီးနား၊ နောင်နန်းရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ကားတိုက်ခံရ၊ ကားသမားထွက်ပြေး

Spread the love

မြစ်ကြီးနား၊ နောင်နန်းရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ကားတိုက်ခံရ၊ ကားသမားထွက်ပြေး

EPN
မြစ်ကြီးနား ၊ ဇွန်လ ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းရပ်ကွက်တွင် အသက် ၄၀ ကျော်ဝန်းကျင်ရှိသည့် အမျိုးသမီးတစ်ဦးယနေ့ နေ့လည် ၁၂ နာရီခွဲခန့်က လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရပြီး ကားသမားမှာ ထွက်ပြေးသွားကြောင်း အနီးအနားရှိ မျက်မြင်သက်သေတစ်ဦးကပြောဆိုသည်။

ဖြစ်စဉ်မှာ (၈)မိုင် နောင်နန်းရပ်ကွက်၊ ဘောလုံးကွင်းအနီး၊နောင်နန်းရပ်ကွက်နေ ၎င်းအမျိုးသမီးမှာ လမ်းဖြတ်ကူးစဉ် မြစ်ဆုံဘက်မှ အိမ်စီးကားအဖြူတစ်စီး အရှိန်ပြင်းစွာ ဖြင့်မောင်းနှင်းလာရာ မှ အဆိုပါ အမျိုးသမီးအာ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ရှေ့မှာပဲဖြစ်သွားတာ၊အိမ်စီးကားအဖြူရောင်ဟုတ်တယ်၊မြစ်စုံဘက်ကနေ အရှိန်နဲ့မောင်းလာတာ၊ အဲ့ဒေါ်ကြီးက လမ်းဖြတ်နေတာအဲ့ချိန်ပ “ဒုန်ခနဲ”ဝင်တိုက်သွားတာ၊ ကားသမားက တန်းမောင်းသွားတယ်”ဟု မျက်မြင်သက်သေတစ်ဦးမှ ပြောသည်။

အဆိုပါကားတိုက်ခံရသူ အမျိုးသမီးမှာ ညာဘက်ခေါင်း ထိခိုက်ဒဏ်ရာ၊ ညာဘက်မျက်နှာ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေနေရှိနေကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။