Trending Now

နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာ

Spread the love

နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာ

EPN
နိုင်ငံတကာ၊ မေ ၂၃

သီရိလင်္ကာနိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါ၊ စွမ်းအင်ဈေးနှုန်း မြင့်တက်မှုနဲ့ ဝင်ငွေခွန် လျှော့ချရမှုတွေကြောင့် နှစ်ပေါင်း ၇၀ အတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

ဘဏ္ဍာရေးအကျပ်အတည်း ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံဟာ ကာလအတန်ကြာအောင် နိုင်ငံခြားငွေ ပြတ်လပ်မှု ဖြစ်ပွားခဲ့ပြီး ငွေကြေးဖောင်းပွမှု မြင့်မားလာတာကြောင့် ဆေးဝါး၊ လောင်စာဆီနဲ့ တခြားမရှိမဖြစ် ပစ္စည်းတွေ ရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံအတွင်း လောင်စာဆီ ပြတ်လပ်မှုနဲ့ အပြင်းအထန်ရင်ဆိုင်နေရာတဲ့အတွက် စာသင်ကျောင်းတွေ၊ အလုပ်ရုံတွေ နဲ့ အစိုးရရုံးတွေကိုလဲ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ပိတ်ပြစ်ခဲ့ရပါတယ်။

နိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းဟာ ပိုမိုဆိုးရွားလာတာကြောင့် ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း သမ္မတ ဂိုတာဘာယာရာဂျာပါဆာနဲ့ သူ့မိသားစုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရဲ့ကြွေးမြီတွေ ပေးဆပ်ဖို့အတွက် အခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဘီလျံလောက်အထိ လိုအပ်နေပြီး သိရိလင်္ကာနိုင်ငံရဲ့ ငွေတန်ဖိုးဟာ လာမယ့်လပိုင်းအတွင်း ငွေကြေးဖောင်းပွမှု ၄၀ ရာခိုင်နှုန်းအထိ ရှိလာနိုင်တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဝီရာဆင်ဂီက သတိပေးထားပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ဘဏ္ဍာရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာငွေကြေးရန်ပုံငွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ကြွေးရှင်တွေနဲ့ သဘောတူညီမှုတွေ ရယူနိုင်ဖို့အတွက် ပြန်ညှိနှိုင်းဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Source BBC

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။