Trending Now

မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းကဒ်များအား ရောင်းချပါက ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်သည့် ဥပဒေဖြင့် အရေးယူမည်ဟုဆို

Spread the love

မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းကဒ်များအား ရောင်းချပါက ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်သည့် ဥပဒေဖြင့် အရေးယူမည်ဟုဆို

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၇

မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းကဒ်များကို ရောင်းချပါက ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်သော ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၂ ဖြင့်အရေးယူမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် အသိပေးထုတ်ပြန်ထားသည်။

မိုဘိုင်းဆင်းကဒ်များအား ညွှန်ကြားချက်နှင့်အညီ မှတ်ပုံတင်ခြင်းမပြုဘဲ ဆင်းကဒ်အရောင်းဆိုင်များ၊ မိုဘိုင်း ဆက်သွယ်ရေး အော်ပရေတာများ၏ Point of Sale (POS)များ၊ မိုဘိုင်းဟန်းဆက် အရောင်းဆိုင်များအပြင် ဈေးများနှင့် လမ်ဘေးဆိုင်များတွင်လည်းကောင်း ၊ onlineတွင်လည်းကောင်း ဆက်လက်ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ထည့်သွင်းဖော်ပြထားသည်။

ထိုသို့ ဆင်းကဒ်များအား စနစ်တကျ မှတ်ပုံတင်ခြင်းမပြုဘဲ ဝယ်ယူသုံးစွဲနိုင်ခြင်းကြောင့် ဝယ်ယူအသုံးပြုမည့် အများပြည်သူများအနေဖြင့် အွန်လိုင်းဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ လိမ်လည်မှုခံရနိုင်သည့်အပြင် ရာဇဝတ်မှုများကို နှိမ်နင်းရန်အတွက် စုံစမ်းမှုများ ပြုလုပ်ရန် အခက်အခဲ ရှိလာသဖြင့် ယခုကဲ့သို့ အရေးယူမည်ဟု အသိပေးချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင်ထားခြင်းမရှိသည့် ဆင်းကဒ်များကို အသုံးပြုပြီး ဆက်သွယ်ရေးကွန်ရက်ပေါ်မှ ရာဇဝတ်မှုများ၊ အကြမ်းဖက်လုပ်ဆောင်မှုများနှင့် ခြိမ်းခြောက် အန္တရာယ်ပြုမှုများ ပိုမိုပြုလုပ်လာကြသည့်အတွက် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာသည်ဟု ထည့်သွင်းဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။