Trending Now

သျှမ်းနီသံဃာတော်များနှင့် သျှမ်းနီစာ‌ပေ နှင့် ရိုးရာယဉ်ကျေးမှု သင်ကြားရေး ဆရာများ အသတ်ခံရမှုများနှင့် ပတ်သက်ပြီး KIA၊ PDF များကို ထိရောက်တဲ့ အရေးယူမှု ဆောင်ရွက်ပေးဖို့ SEA အဖွဲ့မှ န.စ.က ကောင်စီသို့ တိုင်ကြားစာပေးပို့ထား

Spread the love

သျှမ်းနီသံဃာတော်များနှင့် သျှမ်းနီစာ‌ပေ နှင့် ရိုးရာယဉ်ကျေးမှု သင်ကြားရေး ဆရာများ အသတ်ခံရမှုများနှင့် ပတ်သက်ပြီး KIA၊ PDF များကို ထိရောက်တဲ့ အရေးယူမှု ဆောင်ရွက်ပေးဖို့ SEA အဖွဲ့မှ န.စ.က ကောင်စီသို့ တိုင်ကြားစာပေးပို့ထား

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၆

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းက သျှမ်းနီသံဃာတော်များနှင့် သျှမ်းနီစာ‌ပေ နှင့် ရိုးရာယဉ်ကျေးမှု သင်ကြားရေး ဆရာများ အသတ်ခံရမှုများနှင့် ပတ်သက်ပြီး KIA၊ PDF များကို ထိရောက်သည့် အရေးယူမှုများဆောင်ရွက်ပေးရန် မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (SEA) မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သို့ တိုင်ကြားစာ ပေးပို့ထားသည်ဟု သိရသည်။

အဆိုပါ တိုင်ကြားစာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနများသို့ ယခု စက်တင်ဘာလ ၁၃ ရက်နေ့က ပေးပို့ခဲ့သည်ဟု မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (SEA) မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ယခုကဲ့သို့ ပြောပြသည်။

“ကျနော်တို့အနေနဲ့ ဒီလ ၁၃ ရက်နေ့ ရက်စွဲနဲ့ ပေးပို့ထားတာပါ၊ လက်ရှိနိုင်ငံ မတည်ငြိမ်တဲ့ အပေါ် KIA PDF အဖွဲ့တွေက အခွင့်ကောင်းယူပြီး စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်းမှာ ရှိတဲ့ ရှမ်းနီသံဃာတော်တွေနဲ့ သျှမ်းနီစာပေယဉ်ကျေးမှု ဆရာတွေကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေတာတွေကို ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ပေးဖို့ အခုလို စာရေးပို့တာ ဖြစ်ပါတယ်” ဟု ၎င်း ကဆိုသည်။

KIA၊ PDF အဖွဲ့များသည် ၄.၉.၂၀၂၂ နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် ဗန်းမောက်မြို့နယ် နောင်ပတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ အတင်းအဓမ္မ ဝင်ရောက်ကာ သျှမ်းနီ စာပေနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍများတွင် ဆောင်ရွက်လျှက်‌ရှိသော မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းနီ သံဃာတော်များ အသင်းသမဂ္ဂ ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော်ဦးဂန္ဓမာ (မသန်စွမ်း) အား ရိုက်နက် ဖမ်းဆီးပြီး နမ့်ဆရွာအနီးတွင် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း၊ အလားတူ ၁၉.၆.၂၀၂၂ ရက်နေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် မံကပ်ကျေးရွာတွင် နေထိုင်သူ သျှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှု တိုးတက်ရေးတာဝန်ခံ ဆရာစိုင်းကျန်အောင် (ခ) စိုင်ဆေလိုင်း အား မံကပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့မှ အတင်းအဓမ္မ ဖမ်းဆီးသွားပြီး ညှင်းဆဲနှိပ်စက်သဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိစေပြီး ဟုမ္မလင်း ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသ ခံခဲ့ကြောင်း၊ ၂၅.၆.၂ဝ၂၂ ရက်နေ့တွင်လည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာတွင်နေထိုင်သူ သျှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှု ဂီတရိုးရာအကသင်တန်း နည်းပြဆရာ စိုင်းရေကျော်အား ၎င်း၏နေအိမ်တွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့မှ အတင်းအဓမ္မ ရိုက်နက် ဖမ်းဆီးသွားပြီးနောက် ညှင်းပမ်းနှိပ်စက် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း၊ ထို့အပြင် ၃၀.၇.၂၀၂၂ ရက်နေ့တွင်လည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ သျှမ်းနီ စာပေ နှင့် ရိုးရာယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးစိုင်းသန်းဖေအားလည်း KIA PDF ပူးပေါင်းအဖွဲ့မှ ဦးသန်းဖေ၏ အိမ်ရှေ့တွင် လာရောက် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း၊ ၂၀.၈.၂၀၂၂ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း သို့ KIA၊ PDF ပူးပေါင်းအဖွဲ့မှ အတင်းအဓမ္မဝင်ရောက်၍ သျှမ်းနီစာပေနှင့် ရိုးရာ ယဉ်ကျေးမှုကို ဦးစီးဆောင်ရွက်နေသော ဆရာတော် ဦးသူရိယအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (SEA) အဖွဲ့၏ ပြုစုထားသော စာရင်းများအရ သိရသည်။
ထို့အပြင် KIA နှင့် PDF တို့မှ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းက သျှမ်းနီသံဃာတော်များနှင့် သျှမ်းနီစာ‌ပေ နှင့် ရိုးရာယဉ်ကျေးမှု သင်ကြားရေး ဆရာများအား လက်နက်အားကိုး အနိုင်ကျင့် ခြိမ်းခြောက် သတ်ဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများကို နိုင်ငံတဝှမ်းမှ ပြည်သူများ သိရှိနိုင်ရန်နှင့် UN အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ သိရှိနိုင်ရေးအတွက် မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (SEA) အဖွဲ့က ဆက်လက် ဆောင်ရွက်နေသည်ဟု သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။