Trending Now

ဗန်းမော်တပ်နယ်က ရဲအမှုထမ်းဟောင်းများအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

Spread the love

ဗန်းမော်တပ်နယ်က ရဲအမှုထမ်းဟောင်းများအား စားသောက်ကုန်များ ထောက်ပံ့ပေးအပ်

EPN
ဗန်းမော်၊ မေ ၁၉

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် COVID-19 ကမ္ဘာ့ကပ်ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ရဲအမှုထမ်းဟောင်းများအား ရိက္ခာစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို မေ ၁၈ ရက် နံနက် ၉ နာရီက အမှတ်(၉၃၃) ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းရှိ ဗလမင်းထင် ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗန်းမော်တပ်နယ်အနေဖြင့် COVID-19 ကမ္ဘာ့ကပ်ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် ရဲအမှုထမ်းဟောင်းများနှင့် မိသားစုဝင်များ စားသောက်ရေး အဆင်ပြေစေရန် တစ်ဦးလျှင်ဆန်(၅)ပြည်၊ ကုလားပဲခြမ်း (၄၈)ကျပ်သား၊ ဆီ(၃၂)ကျပ်သား၊ ဆား (၂၈)ကျပ်သားစီ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ပေးအပ်ပွဲသို့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲ ရေးမှူး ဗိုလ်မှူးကြီးအောင်ကျော်၊ အမှတ်(၉၃၃)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးနေလင်းရှိဏ်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးတိုးလွင်၊ ဗန်းမော်/မန်စီ/မိုးမောက်မြို့နယ်ရဲတပ်ဖွဲ့မှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။