Trending Now

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ချီဖွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ ချန်းမောခုန်း လူငယ်အသင်းမှ ဖလားရယူ

Spread the love

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ချီဖွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ ချန်းမောခုန်း လူငယ်အသင်းမှ ဖလားရယူ

EPN
ချီဖွေ၊ ဖေဖော်ဝါရီ ၁၅ (၂၀၂၄)

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ် အားကစားကွင်တွင်( ၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ချီဖွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပခဲ့ရာ ချန်းမောခုန်း လူငယ်အသင်းက ချီဖွေမြို့နယ် စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဌ ဖလား ရယူနိုင်ခဲ့ကြောင်း သိရသည်။

ချီဖွေမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ကိုယ်စားပြုအသင်းများ၊ ဌာနဆိုင်ရာများမှ ကိုယ်စားပြုအသင်းများ စုပေါင်း၍ ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် ကျရောက်ခဲ့သည့် ( ၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကျင်းပပေးခဲ့ရာတွင် ချန်းမောခုန်း လူငယ်အသင်းမှ ချီဖွေပြည်သူ့စစ်အသင်းအား အနိုင်ရရှိ၍ ချီဖွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဖလား ဆုရရှိခဲ့ကြောင်း အသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

” ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေနဲ့ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲမှာ ချန်းမောခုန်း လူငယ်အသင်းက ပထမဆု ရရှိခဲ့တယ်။ ချန်းမောခုန်းလူငယ်ဘောလုံးအသင်းက ဒေသအတွက် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဖလားကို ရယူပေးခဲ့တယ် ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ချီဖွေမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများက ဒေသခံပြည်သူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ယင်းဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီ ၁၂ ရက်နေ့အထိ ဘောလုံးအသင်း (၉)သင်းဖြင့် ပတ်လည်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ပန်ဝါ၊ ချန်းမောခုန်း၊ ချီဖွေမြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာ အုပ်စုများမှ အမျိုးသားအလွတ်တန်း မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌဖလား ဘောလုံးပြိုင်းပွဲကို စီကားသိုက်မြိုက်စွာကျင်းပပေးခဲ့ကြောင်း သိရသည်။

ယင်း ဘောလုံးပြိုင်ပွဲတွင် ချန်းမောခုန်း လူငယ်ဘောလုံးအသင်းက ချီဖွေပြည်သူ့စစ် ဘောလုံးအသင်းအား ၂ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိင်ရကာ ပထမဆု ရရှိခဲ့ပြီး၊ ဒုတိယဆုကို ချီဖွေပြည်သူ့စစ်နှင့် တတိယဆုကို ပန်ဝါအသင်းမှ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ဆုကြေးများအနေဖြင့် ပထမဆု (၁၀)သိန်းကျပ်၊ ဒုတိယဆု (၇)သိန်းကျပ်၊ တတိယဆု (၅)သိန်းကျပ်တို့အပြင် ပွဲစဉ်တစ်လျောက် အကောင်းကစားသမား ဆုအသီးသီးကိုလည်း ဆုချီးမြှင့်ပေးအပ်ခဲ့‌ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။