Trending Now

မြစ်ကြီးနား Community Centre တွင် လက်ကိုင်လက်ဆွဲအိတ် ထိုးနည်း၊ အလှလွယ်အိတ် ထိုးနည်းသင်တန်း ကို အခမဲ့ ဖွင့်လှစ်ပေးသွားမည်

Spread the love

မြစ်ကြီးနား Community Centre တွင် လက်ကိုင်လက်ဆွဲအိတ် ထိုးနည်း၊ အလှလွယ်အိတ် ထိုးနည်းသင်တန်း ကို အခမဲ့ ဖွင့်လှစ်ပေးသွားမည်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၆ (၂၀၂၃)

မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ လူထု အခြေပြု ဗဟိုဌာန (Community Centre) တွင် လက်ကိုင် လက်ဆွဲအိတ် ထိုးနည်း၊အလှလွယ်အိတ် ထိုးနည်း သင်တန်းကို စက်တင်ဘာ ၉ရက်၊ ၁၀ရက်စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲ အချိန်ထိ အခမဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ သင်တန်းဖွင့်လှစ်ပေးရခြင်းမှာ ဝါသနာ ပါသည့် အမျိုးသမီး၊ အမျိုးသားများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ ကိုယ်တိုင် အသုံးပြု၍ ဖြစ်စေ၊ လက်ဆောင်ပေးလို၍ ဖြစ်စေ၊ ဝင်ငွေရရှိရန် ရောင်းဝယ်လို၍ဖြစ်စေ၊ (Handmade) ကော်ချပ်ဖြင့်လက်ဆွဲလက်ကိုင်အိတ် ထိုးနည်း၊အလှလွယ်အိတ် ထိုးနည်း သင်တန်းကို မိမိလိုအပ်သည့် အချိန်များတွင်လည်း အကျိုးရှိရှိ အသုံးချနိုင်ရန်အတွက် ပရဟိတ အဖွဲ့အစည်းများဖြင့် ပူးပေါင်း ပါဝင်ပြီး သင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း လူထုအခြေပြုဗဟိုဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ကျွန်တော်တို့က ကချင်ပြည်နယ်မှာရှိတဲ့ ဝါသနာပါတဲ့ မည်သူကိုမဆိုအလုပ်အကိုင် အခွင့်အလမ်းတွေရစေချင်တာရယ်၊ ဒီအလုပ်က စက်တွေ ဘာတွေမလိုတော့ အိမ်မှာနေရင်း မိသားစုအတွက် တစ်ဖက်တလှမ်းမှ ဝင်ငွေရရှိဖို့အတွက် စေတနာဖြင့်ဒီလက်မှုလုပ်ငန်းကို အခမဲ့ဖွင့်လှစ် သင်ကြားပေးသွာမှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါ သင်တန်းတွင် လူဦးရေအကန့်အသတ် အားဖြင့် ဦးရေ (၂၀ မှ ၄၀) ခန့် ကန့်သတ်ထားသည့် အတွက် တက်ရောက်မည့်သူများအနေဖြင့် ၀၉၂၆၆၅၉၄၉၅၆၊ ၀၉၄၅၄၂၈၁၄၁၆ သို့ ဆက်သွယ် စာရင်း ပေးသွင်းကာ၊ သင်တန်းတွင် မိမိ အသုံးပြုမည့် ကတ်ကြေး ယူဆောင်လာပြီး လူထုအခြေပြုဗဟိုဌာနတွင် သင်ကြားနိုင်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) အနေဖြင့် လက်ကိုင် လက်ဆွဲအိတ်ထိုးနည်း၊ အလှလွယ်အိတ် ထိုးနည်းသင်တန်း ဖွင့်လှစ်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်းသိရပြီးယင်း သင်တန်းပြီးဆုံးချိန်တွင် အဆင့်မြင့် စက်ချုပ်သင်တန်းကို လည်း ဆက်လက် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထက်ထက်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။