Trending Now

မိမိတို့သည် နိုင်ငံရေးအစိုးရမဟုတ်ဘဲ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ပေးနေသည့် အစိုးရတစ်ရပ်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

Spread the love

မိမိတို့သည် နိုင်ငံရေးအစိုးရမဟုတ်ဘဲ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ပေးနေသည့် အစိုးရတစ်ရပ်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၀

အစိုးရတစ်ရပ်သည် ပြည်သူလူထုတို့၏ လူမှုအကျိုး စီးပွားကို ဖော်ဆောင်ပေးရမည်ဖြစ်သကဲသို့ မိမိတို့သည်လည်း နိုင်ငံရေးအစိုးရမဟုတ်ဘဲ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ပေးနေသည့် အစိုးရတစ်ရပ်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နှင့် ငပုတောမြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများအား ဖေဖော်ဝါရီ ၈ ရက်နေ့က တွေ့ဆုံအမှာစကားပြောကြားရာတွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

န.စ.က စတင်တာဝန်ယူစဉ်ကာလက နိုင်ငံ၏စီးပွား ရေးသည် ကျဆင်းလျက်ရှိ သော်လည်း အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် လက်ရှိ အချိန်တွင် နိုင်ငံ့စီးပွားရေးသည် အတိုင်းအတာတစ်ခုအထိတိုးတက်လာသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက ယခုထက်မက အောင်မြင်နိုင်မည်ဖြစ်ကြောင်းနှင့် န.စ.က အနေဖြင့်လည်း ချမှတ် ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။