Trending Now

ချီဖွေ နှင့် ဆော့လော် လမ်းကြားမိုးရွာသွန်းမှုကြောင့် လမ်းများပိတ်ဆို့ပြီး ခရီးသည်များသွားလာရန်ခက်ခဲနေ

Spread the love

ချီဖွေ နှင့် ဆော့လော် လမ်းကြားမိုးရွာသွန်းမှုကြောင့် လမ်းများပိတ်ဆို့ပြီး ခရီးသည်များသွားလာရန်ခက်ခဲနေ

EPN
မြစ်ကြီးနား ၊ မေလ ၂၇

ကချင်ပြည်နယ် ချီဖွေခရိုင်၊ ချီဖွေ၊ဖီမှော်နှင့်ဆော့လော် လမ်းကြား မိုးရွာသွန်းမှုကြောင့် လမ်းများပိတ်ဆို့ပြီး ယခုလက်တလောတွင် ခရီးသည်များသွားလာရန်ခက်ခဲနေကြောင်း သိရသည်။

ချီဖွေနှင့်ဆော့လော်ကြားလမ်းမှာ မိုးတွင်းကာလတွင်အမြဲလို‌တောင်ပြိုကျလျှက်ရှိပြီး လမ်းများပိတ်ဆို့လျှက်ရှိသည်။ ၎င်းလမ်းမှာ မြေစာလမ်းပင်ဖြစ်သောကြောင့် ဆောင်းတွင်းနှင့်နွေရာသီကာလများတွင်သာသွားလာရန်အဆင်ပြေကြောင်း သိရသည်။

ယခုလက်တလောတွင် မိုးဆက်တိုက်ရွာသွန်းနေသည့်အတွက် လမ်းများပျက်ဆီးမှုရှိနေသောကြောင့် အချို့စက်ကြီးတွေဖြင့် ပြုပြင်လျှက်ရှိသောလည်း‌ ကျောက်ခင်းလမ်းကဲ့သို့မဟုတ်ပဲ မြေစာများသာဖြစ်သောကြောင့် ကား၊ဆိုင်ကယ်သွားလာရန်ခက်ခဲနေကြောင်း ချီဖွေမြို့ဒေသခံတစ်ဦးက ပြောသည်။

“ဒီလမ်းကတော့နှစ်တိုင်းလိုလိုမိုးတွင်းကာလမှာ ခက်ခဲနေတာ၊ခရီးသွားဖို့အရမ်းခက်ခဲတယ်၊လမ်းတွေဖောက်ထားတာကတောင်ကြားတွေ‌ဆိုတော့ဘေးကပြိုကျနေတာပဲ၊စက်ကြီးတွေနှင့်ပြန်ဖော်လိုက်မိုးရွာလိုက်ဆိုတော့မြေကြီးတွေကအရမ်းပျော့ပြီး ကား၊ဆိုင်ကယ်သွားလာဖို့တော့မလွယ်ဘူး” ဟု ၎င်းကပြောသည်။

အဆိုပါလမ်းများပိတ်ဆို့နေသောကြောင့် ခရီးသည်များသွားလာရန်ခက်ခဲမှုရှိနေပြီး ဆက်လက်မိုးများထပ်မံရွာသွန်းနေပါက အချိန်အတန်ကြာ ၎င်းလမ်းအားကောင်းမွန်လာဖို့မလွယ်ကူသေးကြောင်းသိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။