Trending Now

ကချင်ပြည်နယ်တွင် နှစ်လအတွင်း မီးလောင်မှု(၂၆)ကြိမ်ဖြစ်ပွားခဲ့

Spread the love

ကချင်ပြည်နယ်တွင် နှစ်လအတွင်း မီးလောင်မှု(၂၆)ကြိမ်ဖြစ်ပွားခဲ့

EPN
မြစ်ကြီးနား၊ မတ် ၂၇

ကချင်ပြည်နယ်အတွင်း ယခုနှစ်ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းတွင် မီးလောင်မှုပေါင်း (၂၆)ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါမီးလောင်မှုမှာ ဖေဖော်ဝါ ရီလအတွင်းတွင် (၂၂)ကြိမ်နှင့် ဇန်နဝါရီလ အတွင်း (၁၄)ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှံးမှုတန်ဖိုး ငွေကျပ်သိန်း(၄၆၄၀၀၀၀)အထိ ရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုအများဆုံးမှာ ဖားကန့်မြို့နယ်တွင်ဖြစ်ပြီး ဒုတိယအများဆုံးမှာ မြစ်ကြီးနားမြို့တွင် ဖြစ်ပွားခဲ့ကြောင်း ကချင်ပြည် နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုဖြစ်စေသည့်အများဆုံးအကြောင်းအရာမှာ အိမ်ခြေအဆောက်အဦး မီးလောင်မှုဖြစ်ပြီး မီးလောင်မှုဖြစ်စေသည့် အများဆုံး ဒုတိယအချက်မှာ လျှပ်စစ်မီးပေါ့ဆမှုကြောင့် ဖြစ်ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။