Trending Now

မြဝတီ – ကော့ကရိတ် အာရှလမ်းတွင် Express မှန်လုံယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

Spread the love

မြဝတီ – ကော့ကရိတ် အာရှလမ်းတွင် Express မှန်လုံယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

EPN
မြဝတီ၊ နိုဝင်ဘာ ၈ (၂၀၂၃)

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်း (တောင်ပေါ် လမ်းသစ်)တွင် Express မှန်လုံယာဉ်တစ်စီး မီးလောင်မှု နိုဝင်ဘာ ၇ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်း (တောင်ပေါ်လမ်းသစ်) ရင်ကွဲ တောင်အဆင်းတွင် နံနက် (၁၀) နာရီအချိန်ခန့်က ခရီးသည်တင် Express မှန်လုံယာဉ်ကြီးတစီး မီးလောင်မှုဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိ‌ကြောင်း လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦး က ပြောသည်။

“ ဝါယာရှော့ဖြစ်တာလို့သိရတယ်၊ ယာဉ်မောင်းက သိသိချင်း ကားကိုလမ်းဘေးထိုးရပ်ပြီး ခရီးသည် တွေကို အမြန်ဆင်းခိုင်းခဲ့ တာကြောင့် ထိခိုက်ဒဏ်ရာရသူမရှိပါ ဘူး။”ဟု ၎င်းကဆက် ပြောသည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိပဲ Express ယာဉ် တစ်စီးသာ မီးလောင်ပျက်စီးသွားပြီးမီးလောင်မှုဖြစ်စဉ်အားကရင် ပြည်နယ် မီးသတ်တပ်ဖွဲ့မှ ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။