Trending Now

ကချင်ပြည်နယ်အတွင်းရှိ တပ်မတော်စခန်း (၁၀) ခုကျော်အား ယနေ့နံနက်ပိုင်းမှ စတင်ကာ KIA၊ PDF ပူး ပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေ

Spread the love

ကချင်ပြည်နယ်အတွင်းရှိ တပ်မတော်စခန်း (၁၀) ခုကျော်အား ယနေ့နံနက်ပိုင်းမှ စတင်ကာ KIA၊ PDF ပူး ပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေ

EPN
မြစ်ကြီးနား၊ မတ် ၇ (၂၀၂၄)

ကချင်ပြည်နယ်အတွင်းရှိ တပ်မတော်စခန်း (၁၀) ခုကျော်အား ယနေ့ (မတ် ၇ ရက်)၊ နံနက်ပိုင်းမှ စတင်ကာ KIA၊ PDF ပူးပေါင်းအဖွဲ့များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိ၍ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

KIA၊ PDF ပူးပေါင်းအဖွဲ့များက မိုးမောက်မြို့နယ်၊ မြို့သစ်ကြိုးတံတားနှင့် မခွယ်ကျေးရွာကြားရှိ တပ်မတော်စခန်း၊ မြို့သစ်ကျေးရွာရှိ တပ်မတော်စခန်း၊ မိုင်းခတ်ကျေးရွာရှိ တပ်မတော်စခန်း၊ ဒေါ့ဖုန်းယန်မြို့နယ်၊ ခေါက်ဆင့်ကျေးရွာနှင့် ခယာကျေးရွာတို့ရှိ တပ်မတော်ကင်း စခန်းများနှင့် အခြား နေရာများရှိ တပ်မတော်စခန်းများအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်နေ၍ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

အလားတူ ဝိုင်းမော်မြို့နယ်ရှိ ရွှေညောင်ပင်၊ အောင်မြေ ၁နှင့်၂ တို့ကိုလည်း KIA၊ PDF ပူးပေါင်းအဖွဲ့မှ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေကြောင်း သိရသည်။

ယင်းကဲ့သို့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိရာ လက်နက်ကြီးပစ်ခတ်မှုများလည်း ရှိနေသဖြင့် တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သူများမှာ တိုက်ပွဲနှင့်လွတ်ကင်းသည့် နေရာများသို့ ရွှေ့ပြောင်းလျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။