Trending Now

မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပေါ် အမျိုးသမီးတစ်ဦး ရထားကြိတ်ခံရ

Spread the love

မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပေါ် အမျိုးသမီးတစ်ဦး ရထားကြိတ်ခံရ

EPN
အင်းတော်၊ ဇွန် ၂၁

မြစ်ကြီးနားမြို့-မန္တလေး မီးရထားလမ်းပေါ် ယမန်နေ့ နေ့လယ်ပိုင်းက အမျိုးသမီး တစ်ဦး မီးရထား ကြိတ်ခံရကြောင်း အင်းတော်မြို့နယ် ပေကုန်ကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ရထားကြိတ်မှု ဖြစ်ပွားသည့်နေရာမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်လူးဘူတာနှင့် နန့်စီးအောင် ဘူတာကြား၌ ဖြစ်ပြီး ဇွန်လ ၂၀ ရက်၊ နေ့လယ် ၂၀ နာရီခန့် တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရထားကြိတ်ခံရမှုကြောင့် အဆိုပါ အမျိုးသမီးမှာ ဝဲဘက် လက်မောင်းရင်းပြတ်၊ ခြေကျင်းဝတ် ကြိတ်ဖြတ် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ တာဝန်ရှိသူများက နန့်စီးအောင်မှ မော်တော်ယာဉ်ဖြင့် အင်းတော်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး လက်ရှိတွင် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။

ယမန်နေ့ မြစ်ကြီးနားဘက်မှ မန္တလေးဘက်သို့ ထွက်ခွာလာသည့် ရထားအမှတ် (၉၃၈) အစုန် ကုန်ရထား၊ စက်ခေါင်းမောင်း ဦးထွန်းထွန်းဦး မောင်းနှင်သည့် စက်ခေါင်း အမှတ် DF-2029 ရထားသည် ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာ့မီးရထား တိုင်းအမှတ်(၂) နန့်စီးအောင် ဘူတာ နှင့် မော်လူးဘူတာကြား ရထား မိုင်တိုင် အမှတ် ၆၁၀/၉ နှင့် ၆၁၀/၈ ကြား အရောက်တွင် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။