Trending Now

ဆော်ဒီနိုင်ငံက ကလေးသူငယ်များကို အဓမ္မပြုကျင့်မှုဖြင့် မြန်မာနိုင်ငံသားတစ်ဦး ကွပ်မျက်ခံရ

Spread the love

ဆော်ဒီနိုင်ငံက ကလေးသူငယ်များကို အဓမ္မပြုကျင့်မှုဖြင့် မြန်မာနိုင်ငံသားတစ်ဦး ကွပ်မျက်ခံရ

EPN
နိုင်ငံတကာ၊ မတ် ၂၉

ဂျဒ်ဒါမြို့တွင် မိန်းကလေးနှစ်ဦးကို ဖြားယောင်းပြီး အဓမ္မပြုကျင့်မှုဖြင့် မြန်မာအမျိုးသားတစ်ဦးကို ကွပ်မျက်လိုက်ကြောင်း မတ်လ ၂၇ ရက်နေ့က ဆော်ဒီဒေသတွင်း မီဒီယာများက ဖော်ပြထားသည်။

ဆော်ဒီပြည်ထဲရေး ဝန်ကြီးဌာန၏ အဆိုအရ အဆိုပါ သံသယရှိသူသည် မိန်းကလေး နှစ်ဦးအား ပြန်ပေးဆွဲ မုဒိမ်းကျင့်ခဲ့ကြောင်း ဝန်ခံခဲ့သဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဆော်ဒီအာရေဗျနိုင်ငံတွင် မုဒိမ်းမှုများအတွက် ပြစ်ဒဏ်ကို ဆော်ဒီအာရေဗျ၏ တရားစီရင်ရေးစနစ်အတွက် အခြေခံဖြစ်သည့် အစ္စလာမ့်ဥပဒေဖြင့် ထိန်းကျောင်းထားပြီး မုဒိမ်းကျင့်သူကို တရားရုံးက ချမှတ်နိုင်သည့် ပြစ်ဒဏ်သည် ကြိမ်ဒဏ်မှ ကွပ်မျက်ခြင်းအထိ ဖြစ်နိုင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်လ အစောပိုင်းက တဲအတွင်း၌ ကလေးတစ်ဦးကို မုဒိမ်းကျင့်သည့် အဖြစ်အပျက်ကို ရိုက်ကူးခဲ့သော ဆော်ဒီနိုင်ငံသားတစ်ဦးနှင့် ရွှေ့ပြောင်းနေထိုင်သူ သုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

အဆိုပါ ရာဇဝတ်မှုဆိုင်ရာ ဗီဒီယိုကို မှတ်တမ်းကို အဏာပိုင်များက တွေ့ရှိပြီးနောက် Hafr Al Batin ရှိ ရဲများက ချက်ချင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသား အပါအဝင် သံသယရှိသူ လေးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Source – gulfnews

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။