Trending Now

တရားမဝင် အွန်းလိုင်းလောင်းကစားလုပ်ငန်းနဲ့ ချေးငွေလုပ်ငန်း လုပ်ကိုင်နေသူတွေကို ငွေကျပ်သိန်းလေးထောင်ကျော်နဲ့အတူ ဖမ်းဆီးရမိ

Spread the love

တရားမဝင် အွန်းလိုင်းလောင်းကစားလုပ်ငန်းနဲ့ ချေးငွေလုပ်ငန်း လုပ်ကိုင်နေသူတွေကို ငွေကျပ်သိန်းလေးထောင်ကျော်နဲ့အတူ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မတ် ၁

တရားမဝင် အွန်းလိုင်းလောင်းကစားလုပ်ငန်း နဲ့ ချေးငွေလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး၊ စုစုပေါင်း ၇၁ ဦးကို ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ထဲကနေ ဖမ်းဆီးရမိခဲ့တယ်လို့ ယမန်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

သူတို့နဲ့အတူ လက်တော့ ၁၆၄ လုံး၊ လက်ကိုင်ဖုန်း ၁၄၀ လုံး၊ မော်နီတာ ၇ လုံး၊ ပရင်တာ ၂ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ Desktop ၁ လုံး၊ ဆင်းကတ် ၇၄၁ ကတ် အပြင် KBZ နဲ့ Wave အကောင့်ထဲမှာရှိတဲ့ ငွေကျပ် သိန်း ၄၈၀၅ ကျပ်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတရားမဝင် လောင်းကစားလုပ်ငန်းတွေကို တရုတ်နိုင်ငံသားတစ်ဦးနဲ့ ရန်နိုင်ကျော်(ခ) အားဖုဆိုသူအမျိုးသားတို့က ဦးဆောင်နေတာဖြစ်ပြီး ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အတွင်းက နေအိမ် ၃ လုံးကို ဇန်နဝါရီ ၂၉ ရက်ကနေ ဖေဖော်ဝါရီ ၅ ရက်အတွင်း ဝင်ရောက် စီးနင်းရှာဖွေရာမှာ သူတို့ကို ဖမ်းမိတာလို့ ဆိုပါတယ်။

Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်းနဲ့တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်နေတဲ့ ဖမ်းဆီးရမိသူ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး၊ စုစုပေါင်း ၇၁ ဦးတို့ကို အမှုပေါင်း ၅ မှုနဲ့ စွဲချက်တင်ထားပြီး တည်ဆဲဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူနိင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။