Trending Now

ကချင်ပြည်နယ် အထူးဒေသ (၁)၊ ဥက္ကဋ္ဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ မြစ်ကြီးနား ဆက်ဆံရေးရုံး မိသားစုမှ ကျွန်းပင်သာ ပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

Spread the love

ကချင်ပြည်နယ် အထူးဒေသ (၁)၊ ဥက္ကဋ္ဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ မြစ်ကြီးနား ဆက်ဆံရေးရုံး မိသားစုမှ ကျွန်းပင်သာ ပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်း

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်မှာရှိတဲ့ ကျွန်းပင်သာ ပရဟိတ ဘုန်းတော်ကြီးကျောင်းမှာ ဖေဖော်ဝါရီလ (၁၈) ရက်၊ တပို့တွဲလကွယ်နေ့ ဒီကနေ့ မနက်ပိုင်းက ကချင်ပြည်နယ် အထူးဒေသ (၁)၊ ဥက္ကဋ္ဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ မြစ်ကြီးနား ဆက်ဆံရေးရုံး မိသားစုမှ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခြင်းနဲ့ ပရတိကျောင်းမှာရှိတဲ့ မိဘမဲ့ ကျောင်းသားလေးတွေကို နေ့လယ်စာ ကျွေးမွေး လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

ရှေးဦးစွာ ကချင်အထူးဒေသ (၁) မြစ်ကြီးနား ဆက်ဆံရေးရုံးမှ အလှူရှင်တွေ ဖြစ်ကြတဲ့ ဦးခင်မောင်ကျော်၊ ဦးယော်ယိန်း၊ ဦးအားမြင့်၊ ဦးအောင်ရင်၊ ဦးတွမ်ပီချင်းနဲ့ ဦးရဲလင်းထွန်းတို့ မိသားစုတွေက ဆရာတော်သံဃာတော်များကို လှူဖွယ် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကျွန်းပင်သာ ပရတိယကျောင်းတိုက် ဆရာတော်ဘုရားထံက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းကပ် လှူပူဇော်ခဲ့ကြပြီး ကြွရောက်လာတဲ့ ဧည့်ပရိတ်သတ်တွေကိုလည်း နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြပါတယ်။

ကချင်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌကြီး သီရိပျံချီ၊ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်း အား အမှူးထားပြီး ကချင်အထူးဒေသ (၁) မြစ်ကြီးနား ဆက်ဆံရေးရုံးမှ အလှူရှင်တွေ ဖြစ်ကြတဲ့ ဦးခင်မောင်ကျော်၊ ဦးယော်ယိန်း၊ ဦးတွမ်ပီချင်းနဲ့ ဦးရဲဝင်းထွန်းတို့ မိသားစုတွေက ယခုနှစ်အတွင်း တန်ဆောင်မုန်းလကွယ်နေ့ကစပြီး လပြည့်၊ လကွယ်နေ့များတိုင်းမှာ ကျွန်းပင်သာပရဟိတ ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တော် မူကြတဲ့ ဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနဲ့ ပရဟိကျောင်းမှာရှိတဲ့ ဝေယျာဝိစ္စအဖွဲ့တွေနဲ့ မိဘမဲ့ကျောင်းသားလေးတွေကို နေ့လယ်စာ ကျွေးမွေး လှူဒါန်းခြင်းတို့ကိုပြုလုပ်လာတာ ဒီကနေ့နဲ့ ဆိုရင် ခုနှစ်ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ကချင်အထူးဒေသ (၁) မြစ်ကြီးနား ဆက်ဆံရေးရုံး မိသားစု အနေနဲ့ ကျွန်းပင်သာ ပရဟိတ ဘုန်းတော်ကြီး ကျောင်းတိုက်မှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် ပထမဝါဆို လကွယ်နေ့ အထိ လပြည့်၊ လကွယ်နေ့များ တိုင်းမှာ အခုလို လှူဒါန်းမှုတွေကို ဆက်လက်ပြုလုပ်သွားဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ အလှူရှင်များ ထံကနေ သိရပါတယ်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။