Trending Now

မြစ်ကြီးနား-ပူတာအိုသွား လမ်းပိုင်းတွင် တပ်မဝောာ်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့များ ထပ်မံတိုက်ပွဲဖြစ်ပွား

Spread the love

မြစ်ကြီးနား-ပူတာအိုသွား လမ်းပိုင်းတွင် တပ်မဝောာ်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့များ ထပ်မံတိုက်ပွဲဖြစ်ပွား

EPN
မြစ်ကြီးနား၊ မတ် ၁၆ (၂၀၂၄)

ကချင်ပြည်နယ် မြစ်ကြီးနား-ပူတာအို သွား လမ်းပိုင်းတွင် တပ်မဝောာ်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့များ မတ်လ ၁၄ ရက်နေ့က ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြစ်ကြီးနား-ပူတာအိုသွားဘလမ်းပိုင်းရှိ ဆွမ်ဘရာဘွမ်မြို့တွင် ဆွန်ဂေါင်တောင် တပ်မတော်စခန်းအား KIA၊ PDF ပူးပေါင်းအဖွဲ့များမှ စတင်တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

” တိုက်ပွဲက မနေ့က နေ့လည်လောက်မှာဖြစ်တာ။ KIA၊ PDF အဖွဲ့တွေက ဆွမ်ဘရာဘွမ်မြို့ထဲမှာရှိတဲ့ တပ်မတော်ရဲ့ ဆွန်ဂေါင်တောင်စခန်းကို လာပစ်ကြလို့ အပြန်အလှန် ပစ်ခတ်ကြတာ။ ထိခိုက်ဒဏ်ရာရတာတွေတော့ မသိရဘူး ” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းပိုင်းကို ရက်အတော်ကြာ ပိတ်ထားနိုင်သည့်အတွက် ပူတာအိုတွင် ကုန်ဈေးနှုန်းများ ဈေးမြင့်လာနိုင်သကဲ့သို့ ကုန်ပစ္စည်းများလည်း ရှားပါးလာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း ပြည်သူတစ်ဦးထံမှ သိရသည်။

” အခုလို တိုက်ပွဲဖြစ်ရင်တော့ လမ်းပြန်ဖွင့်ဖို့က မသေချာဘူး။ ပြန်ပိတ်အုံးမှာပဲ။ လမ်းဆက်ပိတ်ရင်ဝောာ့ ကုန်ဈေးနှုန်းမြင့်တက်တာထက် ဝယ်စရာတောင် ရှိမှာမဟုတ်ဘူး။ အခုလည်း ဈေးနှုန်းတွေက မြင့်‌‌တက်လာကြပြီ။ ဒီထက်ပိုဆိုးမှာကို စိုးရိမ်နေရတယ် “ဘဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင်လည်း တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ ဆွမ်ဘရာဘွမ်နှင့် မလိယာန်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် မြစ်ကြီးနား-ပူတာအိုသွား လမ်းပိုင်းကို ပိတ်ထားခဲ့ရာ ယနေ့အထိ သွားလာခွင့်မရသေးကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။