Trending Now

စက်သုံးဆီဆိုင်များအနေဖြင့် ဆီ ပြတ်လပ်မှုမရှိစေရန် စီစဉ်ဆောင်ရွက်ရမှာဖြစ်ပြီး စက်သုံးဆီပြတ်လပ်ပါက အရေးယူခံရမည်

Spread the love

စက်သုံးဆီဆိုင်များအနေဖြင့် ဆီ ပြတ်လပ်မှုမရှိစေရန် စီစဉ်ဆောင်ရွက်ရမှာဖြစ်ပြီး စက်သုံးဆီပြတ်လပ်ပါက အရေးယူခံရမည်

 

EPN

မြစ်ကြီးနား ၊ ဇွန် ၁၅

ခွင့်ပြုချက်ရ စက်သုံးဆီဆိုင်များအနေဖြင့် ဆီမပြတ်စေရန် စီစဉ် ဆောင်ရွက်ရမှာဖြစ်ပြီး စက်သုံးဆီပြတ်လပ်ပါက ဝန်ကြီးဌာနက အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ ကြေညာထားသည်။

တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စက်သုံးဆီမပြတ်လပ်စေရန် Importer ကုမ္ပဏီများ၊ စက်သုံးဆီဆိုင် များ၊ SME စက်သုံးဆီဆိုင်များ ဆီပြတ်လပ်မှုမရှိစေရန် စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ထို့ပြင် ဆိုင်တွင်စက်သုံးဆီပြတ်လပ်မည့် အခြေအနေများဖြစ်ပေါ်ပါက အချိန်နှင့်တပြေးညီ တာဝန်ရှိသူများထံ ဆက်သွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“မြစ်ကြီးနားက ဆီဆိုင်တွေအနေနဲ့ ဆိုင်မှာ ဆီပြတ်တာမျိုးရှိရင် သတင်းပို့ဖို့ အကြောင်းကြားဖို့ ပြောထားတာရှိတယ် ဆီလိုရင်လည်း ဆီတောင်းဖို့ အကူအညီတောင်းဖို့ စာရွက်တွေထုတ်ပေးထားတယ် ကျွန်တော်တို့ဘက်က အဲ့လိုမျိုးတွေ လုပ်ပေးထားတယ်” ဟု မြစ်ကြီးနားမြို့ရှိ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက EPN သတင်းဌာနသို့ ပြောဆိုသည်။

ဖော်ပြထားသည့်အချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ရေနံထွက်ပစ္စည်းကြီးကြပ်စစ် ဆေးရေး ဦးစီးဌာနမှ ထိုက်သင့်သည့်အရေးယူမှုများဆောင်ရွက်သွားမည်ဟု အဆိုပါ ညွန်ကြားချက်တွင် ဖော်ပြ ထားသည်။

ဇွန်လ ၁၅ ရက်နေ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန် ချက်အရ ၉၂ တစ်လီတာ ၂၃၇၅ ကျပ် ၊ ၉၅ တစ်လီတာ ၂၄၆၅ ကျပ် ၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၇၅၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၇၈၀ ကျပ် သတ်မှတ်ပေးထားကြောင်း သိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။