Trending Now

မြစ်ကြီးနားမြို့နှင့် ဖားကန့်မြို့မှ NLD ပါတီ ကိုယ်စားလှယ် နှစ်ဦး၏ နေအိမ်များ ချိတ်ပိတ်သိမ်းဆည်းခံရ

Spread the love

မြစ်ကြီးနားမြို့နှင့် ဖားကန့်မြို့မှ NLD ပါတီ ကိုယ်စားလှယ် နှစ်ဦး၏ နေအိမ်များ ချိတ်ပိတ်သိမ်းဆည်းခံရ

EPN
မြစ်ကြီးနား ၊ ဇူလိုင် ၁

ဖားကန့်မြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ မိဘနေအိမ်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လုံခြုံရေးတပ်ဖွဲ့များမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ချိတ်ပိတ် သိမ်းဆည်းလိုက်ကြောင်း သိရသည်။

ချိတ်ပိတ်သိမ်းဆည်းခံရသည့် နေအိမ်မှာ ဖားကန့်မြို့နယ် ရှရော်ခကျေးရွာမှ ဦးအောင်ဟိန်းမင်း မိဘများနေထိုင်သည့် နေအိမ်ဖြစ်ပြီး လူအင်အား ၅၀ ခန့် လာရောက်ချိတ်ပိတ်သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်၏ နေအိမ်ကိုလည်း ဇွန်လ ၂၉ ရက်နေ့တွင် ချိတ်ပိတ်သိမ်းဆည်းခံလိုက်ရကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်၏ နေအိမ်၊ NLD ပါတီ ဗန်းမော်မြို့နယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း နေအိမ်၊ ကချင်ပြည်နယ် ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးခန်လင်၏ နေအိမ်၊ မိုးညှင်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း၏ နေအိမ်၊ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်၏ နေအိမ်များအပါအဝင် အရပ်သားနေအိမ်အချို့လည်း ချိတ်ပိတ်ခံထားရကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဇွန်လ ၂၉ ရက် ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်း မေလကုန်ထိ ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ်၊ အဆောက်အအုံပေါင်း ၆၁၇ လုံးထက်မနည်း ရှိနေကြောင်း ဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။