Trending Now

ဂျပန်နိုင်ငံမှာ နေတိုးဆက်ဆံရေးရုံးဖွင့်လှစ်ဖို့ ကြိုးပမ်းနေ

Spread the love

ဂျပန်နိုင်ငံမှာ နေတိုးဆက်ဆံရေးရုံးဖွင့်လှစ်ဖို့ ကြိုးပမ်းနေ

EPN
နိုင်ငံတကာ၊ မေ ၁၀

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နေတိုးဆက်ဆံရေးရုံး ဖွင့်လှစ်နိုင်ဖို့လုပ်ဆောင်နေတယ်လို့ အမေရိကန် ဆိုင်ရာ ဂျပန်သံအမတ်ကြီး ကိုဂျီတိုမီတ က မေလ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ အာရှဒေသမှာ ပထမဆုံးသော ရုံးခန်းဖွင့်လှစ်ဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း ဝါရှင်တန်ရှိ National Press Club မှာ ကျင်းပပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ဂျပန်သံအမတ်ကြီး ကိုဂျီတိုမီတ က ပြောကြားခဲ့တာဖြစ်ပါတယ်။

” ကျွန်တော်တို့ရဲ့ မိတ်ဖက်ဆက်ဆံရေးကို အားကောင်းအောင် လုပ်ဆောင်နေတဲ့ အရာတွေထဲက တစ်ခုပါ။ ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး နောက်ဆုံး အတည်ပြုချက် တစ်စုံတစ်ရာ မကြားရသေးဘူး၊ ဒါပေမယ့် အဲဒီ ဦးတည်ချက်ကို ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်” သူက ပြောကြားခဲ့ပါတယ်။

နေတိုးက နစ်ကီ သတင်းဌာနကို ပြောကြားရာမှာ အစီစဉ်ဟာ အတည်မပြုရသေးတဲ့အတွက် မဟာမိတ်တွေနဲ့ ဆက်လက်ဆွေးနွေးနေပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မထုတ်ပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။

ဆက်ဆံရေးရုံးကို လာမည့်နှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပြီး တောင်ကိုးရီးယား၊ သြစတြေးလျနဲ့ နယူးဇီလန်တို့ကဲ့သို့သော နေတိုးရဲ့ လုံခြုံရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဆွေးနွေးမှု ပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။

နေတိုးအကြီးအကဲ Jens Stoltenberg ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဂျပန်နိုင်ငံကို သွားရောက်ကာ ဝန်ကြီးချုပ် Fumio Kishida နဲ့ တွေ့ဆုံခဲ့ပြီး ရုရှားနဲ့ တရုတ်စစ်အင်အား မြင့်တက်လာမှုကို ကိုးကားပြီး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် ဆက်ဆံရေးခိုင်မာစေဖို့ ကတိပြုခဲ့ကြပါတယ်။

ဒီသတင်းထွက်ပေါ်လာပြီးနောက် နေတိုးရဲ့ အရှေ့ဖက်ချဲ့ထွင်မှုတွေကို ရင်ဆိုင်ရာမှာ မြင့်မားတဲ့ သတိရှိမှု လိုအပ်တယ်လို့ တရုတ်နိုင်ငံက ပြောကြားခဲ့ပါတယ်။

Ref; FN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။