Trending Now

အစ္စရေးတပ်ဖွဲ့ဝင်တွေ ဂါဇာမြို့တော်ထဲကို ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်နေ

Spread the love

အစ္စရေးတပ်ဖွဲ့ဝင်တွေ ဂါဇာမြို့တော်ထဲကို ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်နေ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၃

အစ္စရေး-ဟားမတ်စ်ပဋိပက္ခကို ခေတ္တရပ်ဖို့ လိုအပ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပေမယ့် အစ္စရေးဝန်ကြီးချုပ် တန်နေရာဟုကတော့ အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုးတက်မှုနဲ့ ထိုးစစ်ဆင်မှုကို ဘယ်အရာကမှ ရပ်တန့်နိုင်မှာ မဟုတ်ဘူးလို့ ကြာသာပတေးနေ့က ပြောကြားခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ မြေပြင်၊ ဝေဟင်နဲ့ ရေတပ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းကာ ဂါဇာကမ်းမြှောင်မှာ မြေပြင်ထိုးစစ်ဆင်မှုကို လက်လက်လုပ်ဆောင်နေတယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂါဇာရဲ့ အကြီးမားဆုံး ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ်က ဆက်လက် တိုက်ခိုက်နေပြီး အဲဒီစခန်းမှာ မှတ်ပုံတင်ထားတဲ့ ဒုက္ခသည် ၁၂၀,၀၀၀ နီးပါး နေထိုင်နေကြတယ်လို့ ဂါဇာအာဏာပိုင်တွေက ဆိုပါတယ်။

အစ္စရေးဘက်ကတော့ ဟားမတ်စ်အဖွဲ့ဟာ ဆေးရုံတွေ၊ ဒုက္ခသည်စခန်းတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့တွေနဲ့ ဟားမတ်စ်တို့အကြား ပဋိပက္ခအတွင်း သေဆုံးသူအရေအတွက်ဟာ အခုအခါမှာ ၁၀,၀၀၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီပဋိပက္ခ စတင်ခဲ့ကတည်းက ဂါဇာကမ်းမြောင်မှာ လူပေါင်း ၈,၈၀၀ နီးပါး သေဆုံးခဲ့ပြီး အစ္စရေးဘက်မှာလည်း အနည်းဆုံး လူပေါင်း ၁၄၀၀ သေဆုံးခဲ့ပါတယ်။

အစ္စရေးရဲ့ မြေပြင်တပ်ဖွဲ့ဝင်တွေဟာ သိသာထင်ရှားတဲ့ တိုးတက်မှုကို လုပ်ဆောင်နေတယ်လို့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ စစ်ဦးစီးချုပ် ဟာဇီဟာလ်ဗီက ပြောပါတယ်။

ဒီအတောအတွင်း အရှေ့အလယ်ပိုင်းက တခြားအင်အားစုတွေက ဟားမတ်စ်ကို ထောက်ခံနေကြပြီး ယီမင်မှာရှိတဲ့ ဟူသီ သူပုန်အုပ်စုက အင်္ဂါနေ့မှာ အစ္စရေးကို ဦးတည်ပြီး ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ခတ်ခဲ့ပါတယ်။

ဟူသီသူပုန်အုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူ နာဆာဒင် အာမာက သူတို့အဖွဲ့အစည်းဟာ အစ္စရေးကိုတိုက်ခိုက်ဖို့ နှစ်ပေါင်းများစွာပြင်ဆင်လာခဲ့တာလို့ ပြောပါတယ်။

“ကျွန်တော်တို့ ဆက်ပြီးတိုက်ခိုက်သွားဖို့ ပြင်ဆင်ထားပါတယ်။ ရန်သူ အစ္စရေးရဲ့ ဘယ်လို တန်ပြန်တိုက်ခိုက်မှုမျိုးအတွက်မဆို ကျွန်တော်တို့ စီစဉ်ထားခဲ့ပြီး အရာရာအတွက် အသင့်ဖြစ်နေပါတယ်” လို့ နာဆာဒင် ပြောပါတယ်။

ဒါပေမဲ့ ဂါဇာကမ်းမြောင်ဒေသထဲမှာ သေရေးရှင်ရေး အနေအထားတွေ ဆက်လက်ဖြစ်ပွားနေပြီး ဆေးရုံတွေဆက်လက်လည်ပတ်ဖို့ လိုအပ်တဲ့လောင်စာကို တင်သွင်းခွင့်ပြုဖို့ ကုလသမဂ္ဂက ထပ်မံတိုက်တွန်းထားပါတယ်။

Ref; NHK
video – IDF

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။