Trending Now

မြစ်ကြီးနား၌ Mask မတပ်သူများကို အရေးယူရန် ပြင်ဆင်

Spread the love

မြစ်ကြီးနား၌ Mask မတပ်သူများကို အရေးယူရန် ပြင်ဆင်

 

EPN
မြစ်ကြီးနား၊ မေ ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နှာခေါင်းစည်း (Mask) မတပ်ဘဲ သွားလာသူများကိုဥပဒေအရ အရေးယူရန် ပြင်ဆင်နေပြီဟု သိရသည်။

လက်ရှိ မြစ်ကြီးနားမြို့ပေါ်တွင် COVID-19 ကြိုတင်ကာကွယ်ရန် အတွက် မြစ်ကြီးနားမြို့နယ်ထွေအုပ်၊ စည်ပင်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ ပူးပေါင်းကာစည်ပင်သာယာဈေး၊ လမ်းဆုံလမ်းခွဲစသည့် နေရာများတွင် ကြိုတင်အသိပေးခြင်းနှင့် ပညာပေးအနေဖြင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းနှင့် Mask တပ်ကြရန် နိုးဆော်ခြင်းတို့ ဆောင်ရွက်နေပြီး နောက်ပိုင်း နှာခေါင်းစည်း( Mask) မတပ်သူများကို ဥပဒေအရအရေးယူသွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကဆိုသည်။

”ဒီနေ့မနက်လည်း ဈေးကြီးမှာသွားပြီး ဒါနဲ့ပတ်သက်လို့ အသိပေးတာတွေ ဆောင်ရွက်ခဲ့တယ်။ Mask မပါရင် Mask ပေးတယ်။ လာမယ့်နေ့ဆိုရင်တော့ ရှောင်တခင် စစ်ဆေးပြီးတော့မှ အရေးယူဖို့ရှိတယ်။လမ်းဆုံလမ်းခွ တွေမှာလည်း သွားလာတဲ့သူတွေကို တားမြစ်ပြီးတော့ နှာခေါင်းစည်းမတပ်ဘဲသွားလာတဲ့ လူတွေကို နှာခေါင်းစည်းပေးတယ် နောက်နေ့တွေဆို အရေးယူမယ်လို့ကြိုတင်အသိပေးတယ်” ဟု ဦးသန်းဝင်းကပြောသည်။

ဤသို့ အရေးယူဆောင်ရွက်ရာတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ -၁၈၈ အရ အရေးယူမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူ၏ ပြစ်မှု အပေါ်မူတည်၍ ငွေဒဏ် (၅၀၀၀၀)ဖြစ်စေ၊ ထောင်ဒဏ်တစ်လမှ ခြောက်လအထိဖြစ်စေ ကျခံနိုင်သည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

လက်ရှိ မြစ်ကြီးနားမြို့ပေါ်တွင် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့် များအနက် ညမထွက်ရ အမိန့်ကျူးလွန်သူအများဆုံးဖြစ်ပြီး ယနေ့ထိ ကျူးလွန်သူစုစုပေါင်း (၈၀) ကျော်အထိရှိနေဖြစ်ပြီး ငွေဒဏ်(၅၀၀၀၀) ချမတ်ခံရသူ (၂၂)ဦးရှိပြီး ကျန်ကျူးလွန်သူများကို ထောင်ဒဏ်တစ်လစီ ချမှတ်ထားကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။