Trending Now

ႏွစ္​​ေပါင္​း​ေလးဆယ္​​ ေက်ာ္​​ေ၀းကြာခဲ့သည္​့ ခတ္​ခ်ိ ဳ​ေလ​ွ​ေလွာ္​ၿပိဳင္​ပြဲ ျပန္​လည္​က​်င္​းပႏိုင္

Spread the love

ႏွစ္​​ေပါင္​း​ေလးဆယ္​​ ေက်ာ္​​ေ၀းကြာခဲ့သည္​့ ခတ္​ခ်ိ ဳ​ေလ​ွ​ေလွာ္​ၿပိဳင္​ပြဲ ျပန္​လည္​က​်င္​းပႏိုင္

EPN
၀ိုင္းေမာ္၊ မတ္​ ၂၇

ကခ်င္​ျပည္​နယ္​၊ ဝိုင္​း​ေမာ္​ၿမိဳ႕နယ္​၊ ခတ္​ခ်ိ ဳ​ေက်းရြာတြင္​ ​ႏွစ္​​ေပါင္​း​ေလးဆယ္​​​ေက်ာ္​ၾကာ​ေ၀းကြာခဲ့သည္​့ ခတ္​ခ်ိ ဳ​ေလွ​ေလွာ္​ၿပိဳင္​ပြဲႀကီးကို ​ေရႊ​မု​ေ႒ာဘုရားပြဲ​ေတာ္​ႏွင္​့အတူ ယ​ေန႔ မတ္​လ ၂၇ရက္​​ေန႔တြင္​ ျပန္​လည္​က်င္​းပႏိုင္​ခဲ့ေၾကာင္း ၿပိဳင္ပြဲက်င္းပေရးေကာ္မတီမွ သိရသည္။

အဆိုပါ ​ေလွ​ေလွာ္​ၿပိဳင္​ပြဲႀကီးကို ကခ်င္​ျပည္​နယ၊္​ က်န္​းမာ​ေရးႏွင္​့အားကစားဝန္​ႀကီးဌာနႏွင္​့ ခတ္​ခ်ိ ဳ​ေက်းရပ္​ရြာ​ေဒသခံတို႔ပူး​ေပါင္​းကာ က်င္​းပျခင္​းျဖစ္​ၿပီး ႏွစ္​​ေပါင္​း​ေလးဆယ္​​ေက်ာ္​ခန္​႔​ေပ်ာက္​ကြယ္​​ေနသည္​့ ခတ္​ခ်ိ ဳ​ေလွ​ေလွာ္​ၿပိဳင္​ပြဲ၏ ႐ိုးရာ​ဓ​ေလ့ထံုးတမ္​းမ်ားအား ျပန္​လည္​​ေဖာ္​ထုတ္​ရန္​ဟူ​ေသာရည္​ရြယ္​ခ်က္​မ်ားျဖင္​့ ျပဳလုပ္​က်င္​းပရျခင္​းျဖစ္​​ေၾကာင္​း အဆိုပါ​ေလွ​ေလွာ္​ၿပိဳင္​ပြဲမွ နာယက ဦးစိုင္​း​ေက်ာ္​ဦးက ဆိုသည္​။

“ဒီ​ေလွ​ေလွာ္​ၿပိဳင္​ပြဲကို ဘိုးစဥ္​​ေဘာင္​ဆက္​က ဟို​အရင္​​ေခတ္​တုန္​းက ႐ိုးရာယဥ္​​ေက်းမႈအ​ေမြအႏွစ္​တစ္​ခုအျဖစ္​ဒီ​ေလွ​ေလွာ္​ၿပိဳင္​ပြဲႀကီးကို ျပဳလုပ္​က်င္​းပခဲ့တာပါ။ ဒီပြဲႀကီးက ​ေပ်ာက္​ကြယ္​​ေနတာ ႏွစ္​​ေလးဆယ္​​ေလာက္​​ေတာ့ရိွၿပီ ဒီႏွစ္​မွ ျပန္​လည္​​ေဖာ္​ထုတ္​ႏိုင္​ခဲ့တာျဖစ္​ပါတယ္​”ဟု ဦးစိုင္​း​ေက်ာ္​ထြန္​းက​ေျပာသည္​။

အဆိုပါ​ေလွ​ေလွာ္​ၿပိဳင္​ပြဲကို ​ေရႊမု​ေ႒ာဘုရားပြဲႏွင္​့အတူက်င္​းပခဲ့ၿပီး ဤသို႔ပူးတြဲးက်င္​းပရျခင္​းႏွင္​့ပတ္​သက္​၍ ဦးစိုင္​း​ေက်ာ္​ဦးကယခုကဲ့သို႔​ ​​ေျပာဆိုခဲ့သည္​။ “ဒီလိုဘုရားပြဲမွာ ​ေလွ​ေလွာ္​ၿပိဳင္​ပြဲ​ေတြကိုထည္​့ၿပီးက​်င္​းပတာက​ေတာ့ ဘုရားပြဲရဲ႕​ေန႔ပြဲမွာ လူစည္​စည္​ကားကားနဲ႔ရိွ​ေစခ်င္​တာလည္​းပါတယ္​။ ၿပီး​ေတာ့အားကစား​ေလး​ေတြလည္​းလုပ္​တယ္​ ဒီလိုလုပ္​တာက လူငယ္​​ေတြကို မူးယစ္​​ေဆး၀ါး​ေတြစတဲ့မ​ေကာင္​းတဲ့လမ္​းမွာ မသြားရ​ေအာင္​။ ၿပီး​ေတာ့ ကစားသမား​ေကာင္​း​ေတြ​ေပၚထြန္​းလာ​ေအာင္​လို႔ရည္​ရြယ္​တာပါ။”ဟု ၎က ႐ွင္​းလင္​း​ေျပာဆိုခဲ့သည္​။

အဆိုပါ ခတ္​ခ်ိ ဳ​ေလွ​ေလွာ္​ၿပိဳင္​ပြဲႀကီးတြင္​ ​ခတ္​ခ်ိ ဳ​​ေဒသခံျပည္​သူမ်ား ပါဝင္​ဆင္​ႏႊဲၾကၿပီး တစ္​သင္​းလွွၽင္​ ၁၅ဦးခန္​႔ပါဝင္​ကာ အမ်ိ ဳးသား​ေလးသင္​း၊ အမ်ိ ဳးသမီး ​ေျခာက္​သင္​းစုစု​ေပါင္​း ဆယ္​သင္​းပါဝင္​ကာ ၿပိဳင္​ပြဲဝင္ တစ္​​ရာ​ေက်ာ္​ ပါဝင္​ယွဥ္​ၿပိဳင္​ခဲ့​ေၾကာင္​း သိရသည္​။

ၿပိဳင္​ပြဲကို ၂၉ရက္​​ေန႔အထိက်င္​းပမည္​ျဖစ္​ၿပီး အဆိုပါၿပိဳင္ပြဲမွ ပထမ၊ ဒုတိယ၊ တတိယအဆင္​့ထိ​ေရြး​ခ်ယ္​သြားမည္​ျဖစ္ကာ ဆုတံဆိပ္​မ်ားကို ကခ​​​်င္​ျပည္​နယ္​ က်န္​းမာ​ေရးႏွင္​့အားကစားဝန္​ႀကီးဌာနမွ ခ်ီးျမင္​့​ေပးသြားမည္​ျဖစ္​​ေၾကာင္​းသိရသည္​။

လြမ္​း​ေအာင္
————————————

နှစ်ပေါင်းလေးဆယ် ကျော်ဝေးကွာခဲ့သည့် ခတ်ချိ ုလှေလှော်ပြိုင်ပွဲ ပြန်လည်ကျင်းပနိုင်

EPN
ဝိုင်းမော်၊ မတ် ၂၇

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ခတ်ချိ ုကျေးရွာတွင် နှစ်ပေါင်းလေးဆယ်ကျော်ကြာဝေးကွာခဲ့သည့် ခတ်ချိ ုလှေလှော်ပြိုင်ပွဲကြီးကို ရွှေမုဋ္ဌောဘုရားပွဲတော်နှင့်အတူ ယနေ့ မတ်လ ၂၇ရက်နေ့တွင် ပြန်လည်ကျင်းပနိုင်ခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

အဆိုပါ လှေလှော်ပြိုင်ပွဲကြီးကို ကချင်ပြည်နယ၊် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ခတ်ချိ ုကျေးရပ်ရွာဒေသခံတို့ပူးပေါင်းကာ ကျင်းပခြင်းဖြစ်ပြီး နှစ်ပေါင်းလေးဆယ်ကျော်ခန့်ပျောက်ကွယ်နေသည့် ခတ်ချိ ုလှေလှော်ပြိုင်ပွဲ၏ ရိုးရာဓလေ့ထုံးတမ်းများအား ပြန်လည်ဖော်ထုတ်ရန်ဟူသောရည်ရွယ်ချက်များဖြင့် ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း အဆိုပါလှေလှော်ပြိုင်ပွဲမှ နာယက ဦးစိုင်းကျော်ဦးက ဆိုသည်။

“ဒီလှေလှော်ပြိုင်ပွဲကို ဘိုးစဉ်ဘောင်ဆက်က ဟိုအရင်ခေတ်တုန်းက ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်ဒီလှေလှော်ပြိုင်ပွဲကြီးကို ပြုလုပ်ကျင်းပခဲ့တာပါ။ ဒီပွဲကြီးက ပျောက်ကွယ်နေတာ နှစ်လေးဆယ်လောက်တော့ရှိပြီ ဒီနှစ်မှ ပြန်လည်ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်”ဟု ဦးစိုင်းကျော်ထွန်းကပြောသည်။

အဆိုပါလှေလှော်ပြိုင်ပွဲကို ရွှေမုဋ္ဌောဘုရားပွဲနှင့်အတူကျင်းပခဲ့ပြီး ဤသို့ပူးတွဲးကျင်းပရခြင်းနှင့်ပတ်သက်၍ ဦးစိုင်းကျော်ဦးကယခုကဲ့သို့ ပြောဆိုခဲ့သည်။ “ဒီလိုဘုရားပွဲမှာ လှေလှော်ပြိုင်ပွဲတွေကိုထည့်ပြီးကျင်းပတာကတော့ ဘုရားပွဲရဲ့နေ့ပွဲမှာ လူစည်စည်ကားကားနဲ့ရှိစေချင်တာလည်းပါတယ်။ ပြီးတော့အားကစားလေးတွေလည်းလုပ်တယ် ဒီလိုလုပ်တာက လူငယ်တွေကို မူးယစ်ဆေးဝါးတွေစတဲ့မကောင်းတဲ့လမ်းမှာ မသွားရအောင်။ ပြီးတော့ ကစားသမားကောင်းတွေပေါ်ထွန်းလာအောင်လို့ရည်ရွယ်တာပါ။”ဟု ၎င်းက ရှင်းလင်းပြောဆိုခဲ့သည်။

အဆိုပါ ခတ်ချိ ုလှေလှော်ပြိုင်ပွဲကြီးတွင် ခတ်ချိ ုဒေသခံပြည်သူများ ပါဝင်ဆင်နွှဲကြပြီး တစ်သင်းလျှင် ၁၅ဦးခန့်ပါဝင်ကာ အမျိ ုးသားလေးသင်း၊ အမျိ ုးသမီး ခြောက်သင်းစုစုပေါင်း ဆယ်သင်းပါဝင်ကာ ပြိုင်ပွဲဝင် တစ်ရာကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲကို ၂၉ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲမှ ပထမ၊ ဒုတိယ၊ တတိယအဆင့်ထိရွေးချယ်သွားမည်ဖြစ်ကာ ဆုတံဆိပ်များကို ကချင်ပြည်နယ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချီးမြင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။