Trending Now

ငရုတ်ကောင်းမြို့ရှိ ရေကျော်ချောင်းအတွင်း အမျိုးသမီး ရုပ်အလောင်း နှစ် လောင်းတွေ့ရှိ

Spread the love

ငရုတ်ကောင်းမြို့ရှိ ရေကျော်ချောင်းအတွင်း အမျိုးသမီး ရုပ်အလောင်း နှစ် လောင်းတွေ့ရှိ

EPN
ငပုတော၊ မေလ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု၊ ညောင်ပင်ဆိပ်ကျေးရွာ တံတားအနီးရှိ ရေကျော်ချောင်းအတွင်း မေလ ၂၆ ရက် နေ့လည်ပိုင်းက သေဆုံးနေသည့် အမျိုးသမီး ရုပ်အလောင်းနှစ်ခုကို တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူများမှာ ဘင်္ဂါလီ အမျိုးသမီးဟု ယူဆရပြီး ၎င်းတို့နှင့်အတူ OPPO အမျိုးအစား အစိမ်းရောင်ဖုန်း ၁လုံး၊မြန်မာငွေ ၄၂၀၀ဝ ကျပ်၊ဓာတ်ဆားမှုန့် ၂ ထုပ်နှင့် 0187007291၊ 01885338434 ၊ 01891649943၊ 6018785 5 674 စသည့် ဖုန်းနံပါတ်များ ပါဝင်သောစာရွက်အပိုင်း တစ်ခုတို့ကို စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

“ရုပ်အလောင်းနှစ်လောင်းတွေ့ရှိတာပါ။အမျိုးသမီး အလောင်းတွေဖြစ်ပါတယ်။ရေကျော်ချောင်းအတွင်းမှာ တွေ့ရှိတာပါ။ အလောင်းတွေက ပုပ်ပွနေတယ်အလောင်း တွေရဲ့ကိုယ်ပေါ်မှာလည်း ပစ္စည်းတွေအစုံတွေ့ရတယ်။ ဘင်္ဂါလီအမျိုးသမီးတွေရဲ့ ရုပ်အလောင်းတွေ လို့ထင်တယ်။ နိုင်ငံရေးကလည်းမကောင်းတော့ ဘာဆိုတာတော့ မပြောတတ်ဖူး။”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင်အမျိုးသမီးရုပ်အလောင်း ၂ လောင်းကို စစ်တပ်နှင့်ရဲများက စစ်ဆေးရန်အတွက် လာရောက်သယ်ဆောင်သွားပြီးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်နှင့် ၂၃ ရက်နေ့ကလည်း ရွှေသောင်ယံမြို့၊ဝက်သေကမ်းခြေတွင် ဘင်္ဂါလီ ရုပ်အလောင်း ၁၄လောင်းတွေ့ရှိခဲ့သေးကြောင်း ဒေသခံများ ထံက သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။