Trending Now

ဆားတောင်မှာ ကိုရင်ကြီး ၁ ပါးကို ဒလန်လို့စွပ်စွဲခံရပြီး သေနတ်နဲ့ပစ်ခတ်ခံရ

Spread the love

ဆားတောင်မှာ ကိုရင်ကြီး ၁ ပါးကို ဒလန်လို့စွပ်စွဲခံရပြီး သေနတ်နဲ့ပစ်ခတ်ခံရ

EPN
ဆားတောင် ၊ မေ ၁၉

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ဆားတောင်မြို့ ၊ ရွာစိုက်ရပ်ကွက် ၊ မစိုးရိမ်ကျောင်းတိုက် မှာ သီတင်းသုံးနေထိုင်တဲ့ ကိုရင်ကြီး ၁ ပါးဟာ မေ ၁၈ ရက် ၊ မနေ့က နေ့လယ်ပိုင်မှာ အကြမ်းသမားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ နယ်ခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” ကိုရင်ကြီးက ကျောင်းထဲမှာပဲရှိနေတဲ့အချိန် အကြမ်းဖက်သမားတွေရောက်လာပြီး ကိုရင်ကြီးရဲ့ နောက်ကြောဘက်ကနေ သေနတ်နဲ့ပစ်ပြီး ပြေးသွားတာ ကျည်ဆံက ဖောက်ဝင်သွားပြီး အတွင်းကို လက်မဝက်လောက် နစ်ဝင်သွားတယ် ၊ အဆုပ်အောက်နေရာမှာမို့ မသေတာ ” လို့ ပရဟိတသမား တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ သေနတ် ပစ်ခတ်မှုကြောင့် ကိုရင်ကြီးရဲ့ နောက်ကြောမှာ ကျည်ဆံဖောက်ဝင်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဆေးဝါးကုသနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလကလည်း အဲ့ဒီ ဆားတောင်မြို့မှာ ဆွမ်းခံကြွလာတဲ့ ကိုရင်လေး ၃ ပါး လမ်းဘေးထောင်မိုင်း ပေါက်ကွဲ ထိမှန်ခဲ့တဲ့အတွက် ၂ ပါးပျံလွန်တော်မူ ၊ ၁ ပါး ဒဏ်ရာရ ဖြစ်ခဲ့ပါသေးတယ်။

နစက ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ရဟန်သံဃာ ကိုရင် အပါး ၄၀ ကျော်ဟာ အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် ပျံလွန်တော်မူခဲ့ရတယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။