Trending Now

မော်စကိုမြို့ရှိ ကိုရိုနာဗိုင်းရပ်စ် ကုသရေးဆေးရုံ၌ မီးလောင်မှုဖြစ်ပွားရာ လူနာတစ်ဉီး သေဆုံး

Spread the love

မော်စကိုမြို့ရှိ ကိုရိုနာဗိုင်းရပ်စ် ကုသရေးဆေးရုံ၌ မီးလောင်မှုဖြစ်ပွားရာ လူနာတစ်ဉီး သေဆုံး

EPN
နိုင်ငံတကာ၊ မေ ၁၀

မော်စကိုမြို့တော်ရှိ ကိုရိုနာဗိုင်းရပ်စ် လူနာများကို ကုသပေးနေသော ဆေးရုံတစ်ရုံ၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူတစ်ဉီး သေဆုံးခဲ့ကြောင်း ရုရှား တာဝန်ရှိသူများက ပြောကြားသည်။

မော်စကိုမြို့တော် ဆင်ခြေဖုံးဒေသရှိ စပါဆိုကူကော့စကီးဆေးရုံမှ လူ ၂၀၀ ကျော်ကို ဘေးလွတ်ရာသို့ရွှေ့ ပြောင်းပေးခဲ့ကြောင်း အရေးပေါ်အခြေအနေဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။
မီးလောင်ကျွမ်းမှုမှာ ဆေးရုံပထမထပ်ရှိ အခန်းတစ်ခန်းမှ စတင်ခဲ့ပြီး မြန်မြန်ဆန်ဆန် ငြှိမ်းသတ်ခဲ့ ကြောင်း အဆိုပါဌာနက ပြောသည်။

လူနာတစ်ဉီး သေဆုံးခဲ့ပြီး ဘေးလွတ်ရာရွှေ့ပြောင်းခဲ့သူများကို ဆေးရုံများသို့ ပို့ဆောင်မည်ဟု မော်စ ကိုမြို့တော်ဝန် ဆာဂျီဆိုဗျာနင်က အတည်ပြုခဲ့သည်။ “မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှာဖြစ်ပါ တယ်” ဟု ၎င်းက တွစ်တာ၌ ရေးသားခဲ့သည်။

လက်ရှိအချိန်ထိ ရုရှားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် အတည်ပြု ကူးစက်မှု ၂၁၀၀၀၀ ကျော်နှင့် သေဆုံးမှု ၁၉၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ကူးစက်မှုနှင့် သေဆုံးမှုများ၏ ထက်ဝက်ကျော်မှာ လူညီးရေ ၁၂ သန်းကျော် နေထိုင်ရာ မော်စ ကိုမြို့တော်မှဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတားဆီးရန် မော်စကိုမြို့တော်နှင့် အခြားဒေသများတွင် မတ်လနှောင်းပိုင်းက တည်းက အသွားအလာကန့်သတ်မှုများ ပြဌာန်းခဲ့သည်။

–ကိုးကား–

အယ်လ်ဂျာဇီးယား
Ref; Hundreds evacuated as fire at Moscow coronavirus hospital kills 1


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။