Trending Now

သဖန်းတောင် ကြိုးဝိုင်းအတွင်း သစ်ပင်ပိ၍ လူတစ်ဦးသေဆုံး

Spread the love

သဖန်းတောင် ကြိုးဝိုင်းအတွင်း သစ်ပင်ပိ၍ လူတစ်ဦးသေဆုံး

EPN
ကောလင်း၊ ဇွန် ၁၆

ယမန်နေ့၊ ဇွန် လ ၁၅ ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့သည့် မိုးသက်ပြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူးမြို့နယ် ဝဲလာကျေးရွာနှင့် ကျွန်းကလုံးကျေးရွာသွား လမ်းဘေး (ကောလင်းမြို့နယ်၊ သဖန်းတောင် ကြိုးဝိုင်း၊ အကွက်အမှတ်-၃၈) တွင် တဲထိုးပြီးနေထိုင်သူ သစ်ပင်ပိ၍ အဆိုပါနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ စိုင်းသန်းဇော်မျိုး၊ (၂၅)နှစ်၊ (ဘ) ဦးကျော်ဇံ၊ အုံဒါန်ကျေးရွာ၊ (မိုးကုတ်မြို့နယ်ဇာတိ) ဆိုသူ ဖြစ်ကြောင်း သိရပြီး ဇွန်လ ၁၅ ရက်၊ နံနက် (၅)နာရီ အချိန်ခန့်က ၎င်းသည် အဆိုပါ တဲအတွင်းရှိနေစဉ် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် လုံးပတ်(၇)ပေခန့်၊ အရှည်(၂၈)ပေခန့်ရှိ သစ်စေးပင်ကြီးပြိုလဲကျကာ ၎င်းအိပ်နေသည့် တဲပေါ်ပိကျခဲ့သဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူ၏ ရုပ်အလောင်းအား ကောလင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြပြီး ပင်လယ်ဘူးမြို့နယ် သစ်စေတောင်ရဲကင်းစခန်းတွင် သေမှုသေခင်းဖွင့်လှစ်ထားကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။