Trending Now

မြစ်ကြီးနားမြို့ ရွှေအိုက်ရပ်ကွက်တွင် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၅၀၀ ပြားဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့ ရွှေအိုက်ရပ်ကွက်တွင် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၅၀၀ ပြားဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မတ် ၇

မြစ်ကြီးနားမြို့ ရွှေအိုက်ရပ်ကွက်တွင် ယမန်နေ့ ညနေ ၃နာရီဝန်ကျင်က အမျိုးသမီးတစ်ဦးအား သိန်း ၉၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၅၀၀ ပြား နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ ညနေ့ ၃ နာရီအချိန်ခန့်တွင် မြစ်ကြီးနားမြို့၊ ရွှေအိုက်(ကွက်သစ်ရပ်ကွက်)၊ လီဆူးရိုးရာပန်းခြံကွင်းအနီး ရွှေလမ်းမကြီးဘက်သို့ လမ်းလျှောက်လာသည့် မသင်္ကာဖွယ်အမျိုးသမီး မဂျမီလာအား မူးယစ်ရဲတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၅၀၀ ပြားကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မဂျမီလာ(၃၁)နှစ်အား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

နန့်ခူး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။