Trending Now

ပခုက္ကူနယ်မှာ ဓားပြတိုက်ပြီး အိမ်ရှင် အမျိုးသမီး ၁ ဦးဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရ

Spread the love

ပခုက္ကူနယ်မှာ ဓားပြတိုက်ပြီး အိမ်ရှင် အမျိုးသမီး ၁ ဦးဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရ

EPN
ပခုက္ကူ ၊ နိုဝင်ဘာ ၂၈

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ၊ ကျွဲတဲကျေးအုပ်စု ၊ ကျွဲတဲကမ်းနား ကျေးရွာမှာ မနေ့ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းက ဓားပြတိုက်ခံရပြီး အိမ်ရှင်ဖြစ်သူ အမျိုးသမီးကို ဓားစာခံအဖြစ် ဓားပြတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွဲတဲရွာခံတွေဆီက သိရပါတယ်။

” မနက် ၁၀ နာရီဝန်းကျင်လောက်မှာ လက်နက်ကိုယ်စီကိုင်ထားတဲ့ လူ ၄ ယောက်ဟာ ကိုချစ်စမ်းမောင်တို့နေထဲကိုရောက်လာပြီး ဓားပြတိုက်တယ် ၊ ရွှေထည်ပစ္စည်း ၇ ကျပ်သားနဲ ပိုက်ဆံ သိန်း ၂၀ အပြင် ဖုန်းတစ်လုံး ပါသွားတယ် ၊ အိမ်ထဲကနေ ဓားပြတွေ ပြန်ထွက်တဲ့အခါ ၊ အိမ်ဖြစ်သူ ကိုချစ်စမ်းမောင်ရဲ့ မိန်းမ မယုယုသင်း ဆိုသူကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ် ” လို့ ကျွဲတဲရွာခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ဓားပြမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က
” ဓားပြတိုက် ပြန်ပေးဆွဲသွားတဲ့ ကျွဲတဲရွာဘက်ကို နယ်မြေရှင်းလင်းရေးနဲ့ ရှာဖွေကယ်ဆယ်ရေးတွေလုပ်နေတယ် ၊ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ် ” လို့ ပြောပါတယ်။

ပခုက္ကူမြို့ပေါ်နဲ့ မြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်ကာလအတွင်း ဓားပြတိုက် ပြန်ပေးဆွဲဖြစ်စဥ်ပေါင်း ၁၀ မှုထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။