Trending Now

ဆီးရီးယား စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဒရုန်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၀၀ သေဆုံးခဲ့

Spread the love

ဆီးရီးယား စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဒရုန်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၀၀ သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၆

ဆီးရီးယားနိုင်ငံ ဟွမ်းစ်မြို့မှာ အောက်တိုဘာ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင် အခမ်းအနားတစ်ခုအတွင်း ဒရုန်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၀၀ သေဆုံးခဲ့ပြီး ၂၄၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ အယ်ဂျားဇီးယားက ဖော်ပြထားပါတယ်။

သေဆုံးခဲ့ရသူတွေထဲမှာ ကလေးငယ်ခြောက်ဦးပါဝင်ပြီး ဒဏ်ရာရှိသူအများစုဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတဲ့အတွက် သေဆုံးသူဦးရေတိုးလာဖွယ်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီး ဟာဆန်-အယ်လ်-ဂါဘာ့ရှ် က ပြောပါတယ်။

ကြာသပတေးနေ့ အခမ်းအနား ပြီးဆုံးချိန်မှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ဒရုန်းတွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်သလဲဆိုတာ မသိရသေးဘူးလို့ ဆီးရီးယား စစ်တပ်က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဒါဟာ ဆီးရီးယားစစ်တပ် တပ်ဆင်မှုကို ဆန့်ကျင်တဲ့ သွေးထွက်သံယို အပြင်းထန်ဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်ပြီး ၁၂ နှစ်ကြာ ပြည်တွင်းစစ် ရင်ဆိုင်နေရတဲ့ နိုင်ငံမှာ မကြုံဖူးတဲ့ ဒရုန်းတိုက်ခိုက်မှု ဖြစ်ပါတယ်။

ဆီးရီးယား ကာကွယ်ရေးဝန်ကြီး ဘွဲ့နှင်းသဘင်အခမ်းအနားကနေ ထွက်ခွာပြီး မိနစ်ပိုင်းအကြာမှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဆီးရီးယား ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေက အင်အားအပြည့်နဲ့ တုံ့ပြန်မယ်လို့ ကတိပြုထားပါတယ်။

ဆီးရီးယား ပဋိပက္ခဟာ ၂၀၁၁ ခုနှစ်မှာ သမ္မတအာဆတ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကနေ စတင်ခဲ့တာဖြစ်ပြီး ဆန္ဒပြပွဲတွေအတွင်းမှာ လူပေါင်း သိန်းနဲ့ချီသေဆုံးခဲ့ရပြီးနောက် အကြီးမားဆုံး ပြည်တွင်းစစ်ပွဲကြီးအဖြစ် ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။

ref; Aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။