Trending Now

မြစ်ကြီးနားမြို့တွင် တစ်ရက်အတွင်း လူသုံးဦး အဆက်အသွယ်မရှိ ပျောက်ဆုံးနေ

Spread the love

မြစ်ကြီးနားမြို့တွင် တစ်ရက်အတွင်း လူသုံးဦး အဆက်အသွယ်မရှိ ပျောက်ဆုံးနေ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၇ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တစ်‌‌ရက်အတွင်း လူသုံးဦး အဆက်အသွယ်မရှိ ပျောက်ဆုံးခဲ့ ကြောင်း ပြည်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် မြစ်ကြီးနားမြို့နေ ကျောင်းသူတစ်ဦးမှာ စာမေးပွဲသွားဖြေရာမှ နေအိမ်သို့ မရောက်ရှိလာပဲ ပျောက်ဆုံးနေ‌ကြောင်းနှင့် music for God မှ ခရစ်ယာန်ဘာသာ ဆရာနှစ်ဦးမှာလည်း ဆိုင်ကယ်ဖြင့် အပြင်သွားရာမှ နေအိမ်သို့ပြန်လည် ရောက်ရှိလာခြင်း မရှိကြောင်း ရပ်ကွက် နေပြည်သူတစ်ဦးထံမှ သိရသည်။

” ခုရက်ပိုင်းက လူတွေခဏခဏပျောက်နေကြတာ ဟုတ်တယ်။ ဟိုနေ့ကလည်း တစ်ရက်ထဲ သုံးယောက် ပျောက်သွားတယ်။ အခုထိလည်း အဆက်အသွယ်မရကြသေးဘူး။ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးနှစ်ယောက် ပျောက်သွားတယ် ” ဟု ၎င်းကဆိုသည်။

ယခုရက်ပိုင်း မြစ်ကြီးနားမြို့အတွင်း လူပျောက်မှုများရှိပြီး၊ အကူအညီ တောင်းခံသည့်စာများ ဆိုရှယ်မီဒီယာ စာမျက်နှာပေါ်တွင် မကြာခဏ မြင်တွေ့လျက်ရှိ ကြောင်း သိရသည်။

ယင်းကဲ့သို့ မကြာခဏလူပျောက်ဆုံးမှုများ ရှိလာသည့်အတွက် ပြည်သူများ အသွားအလာ စိုးရိမ်နေကြရပြီး၊ အဆိုပါ အဆက်အသွယ်မရှိ လူပျောက်ဆုံးနေရခြင်းမှာ လက်နက်ကိုင် အဖွဲ့အစည်းများမှ လူသစ်စုဆောင်းနေမှု များပြားလာရခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပြည်သူများက ပြောဆိုနေကြသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။