Trending Now

ပြီးခဲ့သည့် ၉ လအတွင်း နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှုကြောင့် လူနှစ်ထောင်ခန့် သေဆုံးခဲ့

Spread the love

ပြီးခဲ့သည့် ၉ လအတွင်း နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှုကြောင့် လူနှစ်ထောင်ခန့် သေဆုံးခဲ့

EPN
ရန်ကုန်၊ အောက်တိုဘာ ၁၄ (၂၀၂၃)

ရန်ကုန် – မန္တလေး အမြန်လမ်းအပါအဝင် နိုင်ငံတစ်ဝန်း ပြီးခဲ့သည့် ၉ လအတွင်း ယာဉ်မတော်တဆမှုကြောင့် လူဦးရေ ၂၀၀၀ ခန့် သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာမှ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ကုန်ပိုင်းအထိ ယာဉ်မတော်တဆမှု ပေါင်း ၃၆၃၄ မှုဖြစ်ပွားခဲ့‌ပြီး လူဦးရေ ၁၈၆၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိ သူ ၄၉၉၃ ဦး ရှိခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူ တစ်ဦးက EPN သတင်းဌာန သို့ ပြောပြသည်။

”ယာဉ်မတော်တဆမှုတွေ အဖြစ်များခဲ့တာ ယာဉ်မဆင်မခြင် မောင်းမှုတွေ ကြောင့်ပါ။ သတိနဲ့ မောင်းဖို့နဲ့ အရက် သေစာ သောက်စား မမောင်းဖို့ သတိပေးချင်ပါတယ်။ ယာဉ်မတော်တဆမှုတွေရဲ့ ၉၄ ရာခိုင်နှုန်းက လူကြောင့် ဖြစ်တဲ့အတွက် ယာဉ်မောင်းသူတိုင်း၊ လမ်းပေါ်သွားလာသူတိုင်း အနေနဲ့ ကိုယ်စီလိုက်နာ ထိန်းသိမ်း ဆောင်ရွက်ကြခြင်းဖြင့်ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် အများစု လျော့ကျသွားမှာပါ။”၎င်းက ဆက်ပြောသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂၁၀၂ ဦးရှိခဲ့ပြီး ယခုနှစ်ကာလတူ၌ သေဆုံးသူ ၁၈၆၄ ဦးနှင့် နှိုင်းယှဉ်ပါက သေဆုံးသူ ၂၃၈ ဦး လျော့နည်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၅၉၁၁ ဦးရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အလားတူကာလအတွင်း ထိခိုက်ဒဏ်ရာ ရရှိသူ ၄၉၉၃ ဦး ရှိခဲ့ခြင်းကြောင့် ၉၁၈ ဦး လျော့နည်းခဲ့ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။