Trending Now

မြစ်ကြီးနားမြို့ လူထုအခြေပြု ဗဟိုဌာနတွင် လက်ကိုင်အိတ်ချုပ်နည်းသင်တန်း အခမဲ့ ဖွင့်လှစ်ပေးသွားမည်

Spread the love

 

မြစ်ကြီးနားမြို့ လူထုအခြေပြု ဗဟိုဌာနတွင် လက်ကိုင်အိတ်ချုပ်နည်းသင်တန်း အခမဲ့ ဖွင့်လှစ်ပေးသွားမည်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၇ (‌၂၀၂၄)

မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လက်ကိုင်အိတ်ချုပ်နည်းသင်တန်းကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ ‌‌‌‌‌၁၆ ရက်အထိ (၅)ရက်တာ အခမဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ သင်တန်းဖွင့်လှစ်ပေးရခြင်းမှာ ဒေသခံပြည်သူများ အလုပ်ကိုင်အခွင့်လမ်း ရရှိစေရန် ရည် ရွယ်ပြီး တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနအဖွဲ့များ၊ ကချင်ပြည်နယ် စာကြည့်တိုက်ဖောင်ဒေးရှင်းများနှင့် စေတနာ အတတ်ပညာရှင်များ ပူးပေါင်းပါဝင်ပြီး သင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း လူထုအခြေပြုဗဟိုဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ အခုလို သင်တန်းဖွင့်လှစ်ပေးရတာကတော့ ဒေသခံ ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေ ရန်ဆိုပြီး ဖွင့်လှစ်ပေးရတာပါ။ အဲ့လိုသင်တန်းတွေက တတ်သွားရင် မိသားစုအတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရရှိတာပေါ့။ သင်တန်းကြေးလည်း အခမဲ့ပဲ။ ဒါကြောင့် တက်ချင်တဲ့သူတိုင်း လာတက်လို့ ရပါတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ သင်တန်းတွင် လက်ကိုင်အိတ် အသေး၊ အကြီးချုပ်နည်းတို့ကို စာတွေ့လက်တွေ့ဖြင့် သင်ကြားပေးသွားမည်ဖြစ်ကာ အိတ်ချုပ်ပညာကို စိတ်ဝင်စားပြီး စက်ချုပ်အခြေခံပညာ တတ်မြောက်ထားသည့် မည်သူမဆို တက်ရောက်နိုင်ကြောင်း၊ အသက်အရွယ်အားဖြင့် ကန့်သတ်မှု မရှိသော်လည်း လူဦးရေအားဖြင့် (၁၅)ဦးအထိ ကန့်သတ်ထားသည့်အတွက် (၀၉-၂၆၆၅၉၄၉၅၆ )သို့ဆက်သွယ်ကာ၊ လူထုအခြေပြု ဗဟိုဌာန သို့ လာရောက်ဆက်သွယ် သင်ကြားနိုင်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) အနေဖြင့် ယခုနှစ် (၂၀၂၄)ခုနှစ်တွင် အခမဲ့သင်တန်း (၄) ကြိမ်မြောက်ဖွင့်လှစ်ခဲ့ပြီး၊ အဆိုပါလက်ကိုင်အိတ်ချုပ်နည်းသင်တန်း ပြီးဆုံးပါက စက်ချုက်သင်တန်းကိုလည်း အခမဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။