Trending Now

ပိုလန်နိုင်ငံမှာ “သွေးစုတ်ဖုတ်ကောင်” အမျိုးသမီးတစ်ဦးရဲ့ ရုပ်ကြွင်းရှာဖွေတွေ့ရှိ

Spread the love

ပိုလန်နိုင်ငံမှာ “သွေးစုတ်ဖုတ်ကောင်” အမျိုးသမီးတစ်ဦးရဲ့ ရုပ်ကြွင်းရှာဖွေတွေ့ရှိ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၈

ပိုလန်နိုင်ငံရှိ သုသာန်တစ်ခုမှာ သုတေသနပြုလုပ်ခဲ့တဲ့ ရှေးဟောင်းသုတေသနပညာရှင်တွေဟာ “သွေးစုပ်ဖုတ်ကောင်” အမျိုးသမီးတစ်ဦးရဲ့ ရုပ်ကြွင်းတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ယခုသီတင်းပတ်အတွင်းမှာ ကြေညာခဲ့ပါတယ်။

ပိုလန်နိုင်ငံ Pień ကျေးရွာမှာ ရှိတဲ့ သင်္ချိုင်းတစ်ခုကနေ တွေ့ရှိခဲ့တာဖြစ်ပြီး သူမရဲ့ လည်ပင်းတစ်ဝိုက်မှာ တံစဉ်တစ်ခုနဲ့ တြိဂံပုံသောခလောက်တစ်ခုကို ပါတွေ့ရှိခဲ့ပါတယ် ။ ရှေးခတ်ယုံကြည်မှုတွေအရ လည်ယာစိုက်ပျိုးရေးသုံး ကရိယာတွေဟာ သွေးစုတ်ဖုတ်ကောင် တွေကို ပြန်လည်ရှင်သန်မလာအောင် တားဆီးပေးတယ်လို့ ဆိုပါတယ်။

ပိုလန်နိုင်ငံ Nicolaus Copernicus တက္ကသိုလ် က ပါမောက္ခ Dariusz Polinski ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ ဩဂုတ်လနှောင်းပိုင်းမှာ ထူးခြားတဲ့ ရှာဖွေတွေ့ရှိမှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ကြွင်းမှာ ရွှေ ဒါမှမဟုတ် ငွေချည်နဲ့ ယက်လုပ်ထားတဲ့ ပိုးထည်တစ်ထည်ကို ဝတ်ဆင်ထားပါတယ်။ သော့ခလောက်နဲ့ တံစဉ်ဟာ ၁၇ ရာစု အယူသီးမှုတွေနဲ့ ဆက်စပ်နေပေမယ့် သေဆုံးသူဝတ်ဆင်ထားတဲ့ အဝတ်တန်ဆာတွေအရ အဆင့်အတန်းမြင့်မားတဲ့ လူတစ်ဦး ဆိုတာ သက်သေပြနေပါတယ်။

သော့ခလောက်နဲ့ တံစဉ်ဟာ သွေးစုတ်ဖုတ်ကောင်ရောဂါကူးစက်မှုကို တုံပြန်တဲ့ ၁၇ ရာစုက အလေ့အထတစ်မျိုးဖြစ်ပြီး သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို မီးရှို့တာ၊ ကျောက်ခဲနဲ့ ထုနက်တာတွေ ပြုလုပ်လေ့ရှိတဲ့အပြင် ခေါင်းနဲ့ ခြေထောက်တွေကိုပါ ဖြတ်ပစ်တဲ့ ဓလေ့ရှိလာခဲ့ပါတယ်။

ကျွမ်းကျင်သူတွေက အဆိုပါအမျိုးသမီးကို တူးဖော်တွေ့ရှိခဲ့တဲ့ ဧရိယာကို ကွင်းဆင်းလေ့လာဖို့အတွက် နည်းပညာအသစ်တွေ အသုံးပြုပြီး နောက်ထပ်သုတေသနပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ဒါ့အပြင် အခြားတက္ကသိုလ်က ရှေးဟောင်းသုတေသနဌာနက သုတေသီတွေကလည်း သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ရုပ်ကြွင်းကို DNA စစ်ဆေးမှုတွေပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

ဒီတွေ့ရှိမှုဟာ ပထမဆုံးအကြိမ်တွေ့ရှိမှုတော့ မဟုတ်ပါဘူး။ အမေရိကန် South Alabama တက္ကသိုလ်က Lesley Gregoricka ဦးဆောင်တဲ့ ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ၂၀၁၄ ခုနှစ်မှာ ပိုလန်အနောက်မြောက်ပိုင်း သုသာန်တစ်ခုကနေ “သွေးစုပ်ဖုတ်ကောင်အရိုးစု” လို့ ခေါ်ဆိုခဲ့တဲ့ ရုပ်အလောင်း ခြောက်ခုကို ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။

— ကိုးကား —
CBS
ref; Skeleton of female “vampire” unearthed at cemetery in Poland: “Pure astonishment”

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။