Trending Now

မိုးတွင်းကာလ ရာသီတုပ်ကွေး ကလေးငယ်များတွင် ပိုမိုအန္တရာယ်ရှိနိုင်

Spread the love

မိုးတွင်းကာလ ရာသီတုပ်ကွေး ကလေးငယ်များတွင် ပိုမိုအန္တရာယ်ရှိနိုင်

EPN
မြစ်ကြီးနား၊ ဇွန် ၁၃

ယခုအခါ မိုးတွင်းကာလသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိုးတွင်းကာလတွင် အဖြစ်များသည့် ရာသီတုပ်ကွေးများသည် ကလေးသူငယ်များတွင် ပိုမိုဖြစ်ပွားနိုင်ပြီး အသက် ၅ နှစ်အောက် ကလေးငယ်များတွင် ပိုမိုအန္တရာယ်ရှိနိုင်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

“ ရာသီတုတ်ကွေး Seasonal Flu or Influenza က သာမန်ဖျားနာတာလိုပဲ ဗိုင်းရစ်ကြောင့်ဖြစ်ပြီး ကူးစက်လွယ်တယ်။ သာမန် ဖျားနာတာနဲ့ မတူတာကတော့ ရာသီတုတ်ကွေးက ကလေးငယ်တွေမှာ ပိုအန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီလိုတွေမဖြစ်ရလေအောင် ကလေးငယ်တွေမှာ ရာသီတုတ်ကွေးဖြစ်ရင် ဆေးကုသမှု တွေ လုပ်ပေးတာမျိုး၊ အထူးသဖြင့် အသက် ၅ နှစ်အောက် ကလေးတွေမှာ ရာသီတုတ်ကွေးဖြစ်ပြီး နောက်ဆက်တွဲ ရောဂါတွေ ဝင်နိုင်တာကြောင့် မိဘတွေကအထူးဂရုစိုက်ပေးဖို့လိုပါတယ် ” ဟု ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးရာသီကာလမှာ အခြားရာသီများထက် ရောဂါအဖြစ်များသော အချိန်ဖြစ်သည့်အတွက် ကလေးသူငယ်များ လွယ်လွယ်ကူကူ မဖျားရလေအောင် ကိုယ်ခံအားကောင်းစေမည့် အဟာရပြည့်ဝသော အစားစာများကျွေးခြင်း၊ အခြားလူနာများနှင့် ကင်းဝေးအောင်ထားရှိခြင်း၊ ကာကွယ်ဆေးများကို နှစ်စဉ်ထိုးပေးခြင်းပြုလုပ်ခြင်းဖြင့် ရာသီ တုတ်ကွေးများမှ ကာကွယ်ရန်လိုအပ်ကြောင်း သိရသည်။

“ မိုးဦးကာလမှာ ကလေးတွေ ဖျားနာတတ်တာ ပိုများတာပေါ့။ မိုးရာသီမှာ အအေးမိ၊ နှာစေး၊ ချောင်းဆိုးနဲ့ တခြား ရောဂါမျိုးစုံတွေလည်း ဖြစ်နိုင်တယ်။ ကလေးတွေ လွယ်လွယ်ကူကူ ဖျားနာတာတွေ မဖြစ်အောင် ကိုယ်ခံအားကောင်းအောင် အာဟာရပြည့်ပြည့် ကျွေးတာတွေ၊ ရောဂါပိုးသယ်ဆောင်လာတဲ့ ပိုးမွှားတွေ မထိတွေ့အောင် ကာကွယ်ရမှာတွေ၊ ဖျားနာတဲ့ သူတွေနဲ့ မထိတွေ့အောင် ရှောင်ကြဉ်ဖို့လိုတယ် ” ဟု ယင်းက ထပ်မံပြောသည်။

မိုးတွင်းကာလအတွင်း အဖြစ်များသည့် ရောဂါများမှာ ရာသီတုတ်ကွေး၊ သွေးလွန်တုတ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ အသည်းရောင် အသားဝါ ရောဂါ (A) ၊ နမိုနီးယား အဆုတ်ထဲတွင် ရောဂါပိုးဝင်ပြီး အဆုတ်ရောင်ရောဂါဖြစ်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ နာတာရှည်ရောဂါဖြစ်ခြင်း (နှလုံးရောဂါ၊ asthma ရောဂါ)၊ ဉာဏ်ရည်ထိခိုက်ခြင်း၊ထိပ်ကပ်နာ၊ နားရောဂါ စသည့်ရောဂါများဖြစ်လေ့ရှိကြောင်း သိရသည်။

အဆိုပါ ရောဂါများဖြစ်ပွားပါက အသက်အန္တာရာယ် စိုးရိမ်ရသည့် အခြေအနေအထိ ဖြစ်ပွားနိုင်သည့်အတွက် နီးစပ်ရာကျန်းမာရေးဌာနတွင် သွားရောက်ပြသကုသရန် လိုကြောင်းလည်း ကျန်းမာရေးဌာနမှ သတိပေး ပြောဆိုထားသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။