Trending Now

ရန်ကုန် ငမိုးရိပ်ပြည်ထောင်စုဂုံကျော်တံတားပေါ်ကနေ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခုန်ချအဆုံးစီရင်မှုဖြစ်ပွား

Spread the love

ရန်ကုန် ငမိုးရိပ်ပြည်ထောင်စုဂုံကျော်တံတားပေါ်ကနေ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခုန်ချအဆုံးစီရင်မှုဖြစ်ပွား

EPN
ရန်ကုန်၊ စက်တင်ဘာ ၂၆

ရန်ကုန်၊သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ငမိုးရိပ်ပြည်ထောင်စုဂုံကျော်တံတားပေါ်ကနေ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခုန်ချအဆုံးစီရင်တဲ့ ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၂၅ ရက် ည ၆ နာရီခန့်ကဖြစ်ပွားခဲ့တယ်လို့ သိပါတယ်။

“အသက်၂၁ နှစ်အရွယ်အင်္ကျီအဖြူ ဘောင်ဘီအနက်ဝတ်ထားတဲ့ ကောင်မလေးတစ်ယောက် မနေ့ညနေ ၆ နာရီခန့်က ငမိုးရိပ်ချောင်းထဲကို ခုန်ချသွားတယ်လို့ သတင်းရလို့ ကူညီရှာဖွေပေးနေပါတယ်။ အခင်းဖြစ်ပွားတဲ့အချိန်ကနေ လက်ရှိအချိန်အထိ ဆက်လက်ရှာဖွေနေဆဲပါ။” လို့ သုဝဏ္ဏပရဟိတအသင်းက ပြောပါတယ်။

ငမိုးရိပ်ချောင်းထဲကို ခုန်ချသွားတဲ့ အမျိုးသမီးဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းနဲ့ ဘာကြောင့်ကို့ကိုယ်ကို သေကြောင်းကြံစီလဲဆိုတာကိုတော့ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း မသိရသေးဘူးလို့ ဆိုပါတယ်။

ငမိုးရိပ်ချောင်းအတွင်း ရေလုပ်ငန်နဲ့ အသက်မွေးဝမ်းကျောင်းပြူသူတွေရဲ့ ခန့်မှန်းချက်အရ ကမ်းစပ်တွေမှာ ရှာဖွေရင်တွေ့နိုင်တယ်လို့ ဆိုတဲ့အတွက် သုဝဏ္ဏပရဟိတအသင်းက အဆိုပါအမျိုးသမီးရဲ့ ရုပ်အလောင်းကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။