Trending Now

ဖားကန့်မြို့နယ်တွင် ဆန္ဒထုတ်ဖော်ပြီး ပြန်လာသည့် အမျိုးသမီး ခုနှစ်ဦးနှင့် အမျိုးသား တစ်ဦး ဖမ်းဆီးခံရ

Spread the love

ဖားကန့်မြို့နယ်တွင် ဆန္ဒထုတ်ဖော်ပြီး ပြန်လာသည့် အမျိုးသမီး ခုနှစ်ဦးနှင့် အမျိုးသား တစ်ဦး ဖမ်းဆီးခံရ

EPN
မြစ်ကြီးနား၊ ဇူလိုင်လ ၁၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် ယမန်နေ့ ဇူလိုင်လ (၁၃)ရက်နေ့ ညနေ (၄) နာရီခန့်က ဆန္ဒထုတ်ဖော်ပြီး ပြန်လာသည့် အမျိုးသမီး (၇)ဦး နှင့် အမျိုးသား (၁)ဦးကို တပ်မတော်မှ ဖမ်းဆီသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းဖမ်းဆီးခံရသူများမှာ ဆိုင်တောင် ကျေးရွာတွင် ဆန္ဒထုတ်ဖော်ပြီး အပြန် ဆိုင်းတောင် ရပ်ကွက် (၃) တံတားထိပ်အနီးတွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရပြီး လက်ရှိတွင် မည်သည့်မျှအဆက်အသွယ် ပြုလုပ်၍မရရှိသေးကြောင်း ဖားကန့်မြို့နယ် မြို့မိမြို့ဖတစ်ဦးက ပြောသည်။

“မနေ့က ဆိုင်းတောင်မှာ သူတို့က တပ်မတော်ကို ဆန့်ကျင့်တဲ့ ဆန္ဒပြပွဲ လုပ်ကြတာ။ ပြီးတော့ ပြန်လာကြတာ၊ ကားဆရာနဲ့ အမျိုးသမီးတွေပါတဲ့ ကားကို ရပ်ခိုင်းပြီးဖမ်းသွားတာ၊ အမျိုးသမီး (၇)ယောက် အမျိုးသား ကားဆရာတစ်ဦး ပေါင်း (၈)ဦး ဖမ်းခံရတယ်၊ လက်ရှိထိတော့ ဘာအဆက်အသွယ်မှ မရရှိသေးဘူး” ဟု ၎င်းက ပြောသည်။

ယခုဖမ်းဆီးခံရသူများမှာ ဆန္ဒထုတ်ဖော်ပွဲအများစုတွင် ပါဝင်လေ့ရှိပြီး ဆိုင်တောင်ကျေးရွာတွင် နေထိုင်သူ အမျိုးသားတစ်ဦးနှင့် ကျန်အမျိုးသမီး (၇)ဦးမှာ စန်းကျယ်ကျေးရွာတွင် နေထိုင်သူများဖြစ်ကာ အများစု မှာ အသက် (၄၀)နှင့် အထက် ရှိကြသူများဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်မှုကြောင့် ဖားကန့်မြို့နယ်ရှိ ဒေသခံပြည်သူ အယောက် (၄၀)ခန့်မှာလည်း အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း ဖားကန့်မြို့နယ်နေ နိုင်ငံရေးစောင့်ကြည့်သူတစ်ဦးထံမှ သိရသည်။

ဖားကန့်မြို့နယ်တွင် ဇူလိုင်လ (၅) ရက်နေ့ကလည်း အမည်မသိ အဖွဲ့တစ်ဖွဲ့မှာ တံတားညီနောင်နှင့် ပျားအုံ စုပေါင်းဂိတ်ကြားတွင်ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲဝင် (၈)ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ပန်ပန်
ဓါတ်ပုံ – ပုံဟောင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။