Trending Now

မြစ်ကြီးနား၌ နှာခေါင်းစည်းမတပ်ဘဲသွားလာသူများကို ငွေကျပ်ငါးထောင်ဖြင့် စတင်အရေးယူ

Spread the love

မြစ်ကြီးနား၌ နှာခေါင်းစည်းမတပ်ဘဲသွားလာသူများကို ငွေကျပ်ငါးထောင်ဖြင့် စတင်အရေးယူ

EPN
မြစ်ကြီးနား၊ မတ် ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်း နှာခေါင်စည်းမတပ်ဘဲ သွားလာနေသူများအားအရေးယူသည့်အနေဖြင့် ငွေကျပ်ငါးထောင် ပေးဆောင်စေပြီး Mask ငါးခုပေးဝေခြင်းလုပ်ငန်းကို ယနေ့​မေလ (၂၇)နေ့ကစတင် နေပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ဤသို့ပြုလုပ်ရခြင်းမှာ ကိုဗစ်နိုင်တင်း ကြိုတင်ကာကွယ်ရန်အတွက် လုပ်ဆောင်ရခြင်ဖြစ်ပြီး မြို့တွင်း၌ Mask မတပ်ဘဲ ဖြတ်သန်းသွားလာသူများကို ရပ်တန့်စေကာ ယခုကဲ့သို့ လုပ်ဆောင်နေကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ဆိုသည်။

”နှာခေါင်းစည်းမတပ်တာနဲ့ ပတ်သက်လို့ ဒီနေ့ပဲ Mask Campaign ပြုလုပ်တယ်။Campaign သဘောတရားသည် ဥပဒေအရသွားရင် တရားစွဲဆိုရတဲ့ အခက်အခဲတွေရှိတယ်။ ပြည်သူတွေလည်း ဒုက္ခရောက်တယ်။ဒါကြောင့် ကျနော်တို့က မြို့နယ်အဆင့်ကော်မတီ အစည်းအဝေး မှတ်တမ်းအရ Mask မတတ်ဘဲ သွားလာတဲ့သူတွေကို Mask တစ်ခုကို တစ်ထောင်နှုန်းနဲ့ ငါးထောင်ပေါ့ Mask တစ်ခုတပ်ပေးလိုက်တယ်။ အပိုလေးခုထည့်ပေးတယ်။” ဟု ဦးသန်းဝင်းကပြောသည်။

Mask မတပ်သူများထံမှ ရှိသည့် ငွေကျပ်ငါးထောင်ကိို မြို့နယ် ကိုဗစ်နိုင်တင်းထိန်းချုပ်ရေးရန်ပုံငွေတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ဆောင်ချက်ကို မြို့တွင်းလမ်းမကြီးများနှင့် လမ်းဆုံလမ်းခွဲများတွင် ရက်အကန့်သတ်မရှိ နေ့စဥ်ပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ယခုကဲ့သို့ အရေးယူမှုမျိုး မပြုလုပ်မှီ အများပြည်သူသိစေရန် ကြိုတင်အသိပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်း လှုပ်ရှားမှုများကို မေလ လဆန်းပိုင်းကတည်းက ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။