Trending Now

ပါကစ္စတန် သမ္မတပောာင်း ဇာဒါရီ လာဘ်စားမူဖြင့် ဖမ်းဆီးခံရ

Spread the love

ပါကစ္စတန် သမ္မတပောာင်း ဇာဒါရီ လာဘ်စားမူဖြင့် ဖမ်းဆီးခံရ 

EPN
နိုင်ငံတကာ၊ ဇွန် ၁၁

ပါကစ္စတန် သမ္မတပောာင်း အဆစ်အလီဇာဒါရီပာာ လာဘ်စားမူဖြင့် တနင်္လာနေ့က ဖမ်းဆီးထိန်းသိမ်းခံရကြောင်း အစိုးရတာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ယင်းဖြစ်စဉ်မှာ အတိုက်အခံ ပါကစ္စတန် ပြည်သူ့ ပါတီအတွက် ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။ ပါကစ္စတန် အဂတိတိုက်ဖျက်ရေးအဖွဲ့ဖြစ်တဲ့ NABမှ ပြောရေးဆိုခွင့်ရှိသူ နာဝါဇစ်အလီက သမ္မတပောာင်း ဇာဒါ ရီကို ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနကို အတည်ပြုပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ် ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။

ပါကစ္စတန်ဒေသတွင်း မီဒီယာတွေက ပါကစ္စတန်အဂတိတိုက်ဖျက်ရေးအဖွဲ့ NAB ပာာ သမ္မတပောာင်းဇာဒါရီကို ဘဏ်အကောင့်များ အတုဖွင့်ခြင်း၊ ငွေကြေးခ၀ါချခြင်း စတာတွေနဲ့ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သမ္မတပောာင်း ဇာဒါရီက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း မည်သည့် အမှားအယွင်းမှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ သမ္မတပောာင်း ဇာဒါရီရဲ့ ပါကစ္စတန်ပြည် သူ့ပါတီကလည်း နိုင်ငံရေးအရ ထိုးနှက်မူဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဇာဒါရီပာာ သမ္မတတာဝန် မရယူမီကလည်း လာဘ်စားမူဖြင့် ဖမ်းဆီးခံခဲ့ရဖူးပါတယ်။

ဇာဒါရီပာာ ပါကစ္စတန် သမ္မတတာဝန်ကို ၂၀၀၈ ကနေ ၂၀၁၃ အထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၀နဲ့ ၂၀၀၀ ပြည့်ကာလတွေမှာ ထောင်ကျခံခဲ့ဖူးတဲ့ ဇာဒါရီကို အစိုးရနဲ့ ချုပ်ဆိုသောစာချုပ်များကနေ တရားမ ၀င်ငွေကြေးများရယူခဲ့တာကြောင့် Mr 10 per cent လို့ အမည်ပြောင်ပေးထားပါတယ်။ ဇာဒါရီကို တရားရုံး ချုပ်အမိန့်ဖြင့် နေအိမ်မှာရှာဖွေမူပြုလုပ် ပြီး ဖမ်းဆီးတာဖြစ်ပြီး အာမခံလျှောက်ထားမူကိုလည်း ပယ်ချခဲ့ပါတယ်။

REF; CNA
Former Pakistani president Zardari arrested on corruption charges


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။