Trending Now

စျေးများ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး စည်းကမ်း သတ်မှတ်ချက်များ လိုက်နာမည် ဖြစ်ကြောင်း စျေးသူစျေးသားများ ကတိပြုလက်မှတ်ရေးထိုး

Spread the love

စျေးများ အမြန်ဆုံးဖွင့်လှစ်နိုင်ရေး စည်းကမ်း သတ်မှတ်ချက်များ လိုက်နာမည် ဖြစ်ကြောင်း စျေးသူစျေးသားများ ကတိပြုလက်မှတ်ရေးထိုး

EPN
မိုးကောင်း၊ မေ ၂၈

မိုးကောင်းနယ်အတွင်းရှိ စည်ပင်သာယာစျေးများ အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ မေ ၂၈ရက် ညနေ ၄နာရီက မိုးကောင်းမြို့ မြို့မစည်ပင်သာယာစျေးတွင် မြို့နယ် စည်ပင်သာယာ‌ေရးအဖွဲ့ပိုင် ဈေးများဖြစ်သော မိုးကောင်းမြို့မဈေး၊ ဆားမှော်ဈေး၊ ပင်းဘောဈေးများအား ဈေးစည်းကမ်းသတ်မှတ်ချက်ဖြင့် ဖွင့်လှစ်နိုင်‌ေရး ဈေးသူ/သားများမှ လိုက်နာမည်ဖြစ်ကြောင်း ကတိပြု လက်မှတ်ရေးထိုး ကြသည်။

“ဈေးကပိတ်ထားရတာကြာတော့ ဈေးသည်အများစုမှာ စားဝတ်နေရေးအခက်အခဲရှိလာတဲ့အတွက် သတ်မှတ်ချက်တွေနဲ့အညီ ဈေးတွေအမြန်ဆုံးဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်ပေးနေပါတယ်”ဟု မြို့နယ် စည်ပင် အမှုဆောင်အရာရှိ ဦးမျိုးဌေးက ဆိုသည်။

သတ်မှတ်ချက် စည်းကမ်း အချက်(၈)ချက်ကို လိုက်နာမည်ဖြစ်ကြောင်း ဈေးသူ/သား များမှ ဝန်ခံကတိပြုလက်မှတ်ရေးထိုးကြရာတွင် မိုးကောင်းမြို့မဈေးရှိ မှတ်ပုံတင်ဆိုင်ခန်း (၉၈၂)ခန်း၊ ပျံကျဈေးသည် (၂၆၀)ဦးခန့်၊ ဆားမှော်ဈေးရှိ မှတ်ပုံတင်ဆိုင်ခန်း (၆၂)ခန်း၊ ပျံကျဈေးသည် (၈၀)ဦးခန့်၊ ပင်းဘောဈေးရှိ မှတ်ပုံတင်ဆိုင်ခန်း (၂၉)ခန်း၊ ပျံကျဈေးသည် (၆၀)ဦးခန့် ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ အတွင်းရေးမှူး မြို့နယ် ဆေးရုံအုပ်ကြီးဒေါက်တာကောင်းမြတ်စံနှင့် ကော်မတီဝင်များမှ လည်းမိုးကောင်းမြို့မဈေးကြီး ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှုကို ထပ်မံစစ်ဆေးခဲ့‌ေကြာင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။