Trending Now

မိုးညှင်းမြို့နယ်အတွင်း လင်ခရူဇာနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိ၊ လူနှစ် ပွဲချင်းပြီးသေဆုံး

Spread the love

မိုးညှင်းမြို့နယ်အတွင်း လင်ခရူဇာနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိ၊ လူနှစ် ပွဲချင်းပြီးသေဆုံး

EPN
မိုးညှင်း ဇွန် ၁၀

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာနှင့် ဆယ်မိုင် ကျေးရွာ အကြား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ယနေ့ဇွန် ၁၀ ရက် နေ့လယ်ပိုင်းက လင်ခရူဇာနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် စီးလာသူ ၂ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

အခင်းဖြစ်ပွားခဲ့သည့် နေရာမှ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ နှင့် ဆယ်မိုင်ကျေးရွာ အကြား အမှတ် (၆၀၀၇) သံချပ်ကာ တပ်ရင်း အနီး၊ မိုင်တိုင်အမှတ် (၂၉၃)နှင့် (၂၉၄)အကြား၊ ပြည်ထောင်စု လမ်းမကြီး ပေါ်တွင် ဖြစ်ကြောင်းနှင့် ယနေ့၊ ဇွန်လ(၁၀)ရက်နေ့ မွန်းလွဲ (၁၂)နာရီ (၁၀)မိနစ် အချိန်ခန့်က မိုးညှင်းမြို့ မရဲစခန်းမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာသို့ မော်ဟန်ရဲကင်းစခန်းမှူး ရဲအုပ်စိုးလွင်နှင့် တပ်ဖွဲ့ဝင်များ မိုးညှင်းမြို့ အမှတ် (၁၀၁) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ဒုရဲမှူးကျော်ကျော်နိုင် နှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ စစ်ဆေး ပေါ်ပေါက်ချက်အရ မော်ဟန်ကျေးရွာဘက်မှ ဆယ်မိုင်ကျေးရွာဘက် သို့ စက်ထွန်းမောင်းနှင်ပြီး ဦးပွင့်ဦးမောင်၊ ဦးကိုကို(ခ)ရွှေရင်ဟွနှင့် ဦးဇော်မင်းဦးတို့ လိုက်ပါလာသော TOYOTA LAND CRUSER အနက်ရောင် မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်တွင် အရှိန်မထိန်းနှိုင်ဘဲ တဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ ဒေါ်ခင်ဝင်းရီ(၄၈)နှစ်၊ အောင်မေတ္တာရပ်ကွက် အင်းတော်မြို့၊ ကသာခရိုင် စစ်ကိုင်းတိုင်းဒေသကြီး နေထိုင် မောင်းနှင်လာသော SHAYAN 125 အမျိုးအစား အနက်/အနီရောင် ဆိုင်ကယ်၏ နောက်ပိုင်းအား တိုက်မိပြီးထပ်မံ၍ နိုင်ဝင်း၊ (၄၂)နှစ်၊ (ဘ)ဦးသာရင် နန့်ရင်းကုန်း ရပ်ကွက်၊ ဆယ်မိုင်ကျေးရွာ၊ မိုးညှင်းမြို့နယ် နေထိုင်သူ မောင်းနှင်ပြီး သန်းထွန်းအောင် (ခ) မောင်လေး၊ (၃၀)နှစ်(ဘ)ဦးကျော်ညွန့်၊ နန့်ရင်းကုန်းရပ်ကွက် ဆယ်မိုင်ကျေးရွာ မိုးညှင်းမြို့နယ် နေထိုင်သူ လိုက်ပါလာသည့် KENBO 125 အစိမ်းရောင် ဆိုင်ကယ်နှင့် မျက်နှာချင်း ဆိုင်တိုက်မိခဲ့သည်။

ထိုသို့တိုက်မိခဲ့သဖြင့် ဒေါ်ခင်ဝင်းရီဆိုသူတွင် ဝဲဘက်ပေါင် နာကျင်ဒဏ်ရာများ ရရှိခဲ့သည်။
ထို့အပြင် နိုင်ဝင်း (ခ) အားကို ဆိုသူတွင် ဝဲဘက်ခြေသလုံး ပေါက်ပြဲပြီး နဖူးကွဲအက်ဒဏ်ရာဖြင့် လည်းကောင်း၊ သန်းထွန်းအောင် (ခ)မောင်လေး ဆိုသူတွင် ဝဲဘက်ဒူးပေါက်ပြဲ ဆီးခုံပေါက်ပြဲ နှာခေါင်းသွေးထွက် ဒဏ်ရာဖြင့် လည်းကောင်း အဆိုပါနေရာ၌ (၂) ဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ လင်ခရူဇာမောင်းနှင်သည့် စက်ထွန်း၊ (၂၀)နှစ်၊ (ဘ)ဦးမောင်ဆွေ ကျွဲဆည်ကန် ကားကြီးကွင်း ပြည်ကြီးတံခွန်မြို့နယ် မန္တလေးတိုင်း ဒေသကြီး နေထိုင်သူအား မိုးညှင်းမြို့မရဲစခန်းမှ ယာဉ်(ပ)၁၅/၂၀၂၀ ပုဒ်မ ၃၃၇/၃၀၄(က)ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။