Trending Now

တနိုင်းမြို့ ညနေစျေး ပြောင်းရွေ့မူအပေါ် ဈေးသည်များမှ မူလနေရာအတိုင်းထားရှိပေးရန်တောင်းဆို

Spread the love

တနိုင်းမြို့ ညနေစျေး ပြောင်းရွေ့မူအပေါ် ဈေးသည်များမှ မူလနေရာအတိုင်းထားရှိပေးရန်တောင်းဆို

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၄

ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့ ညနေစျေးအား ပြောင်းရွေ့မူအပေါ် မူလနေရာအတိုင်း စည်းကမ်းချက်များနှင့်အတူ ထားရှိပေးရန် ဈေးသည်များက လိုလားနေကြသည်။

တနိုင်းမြို့ ညနေဈေးမှာ တနိုင်းမြို့လယ်ရှိ ဟူးကောင်းရပ်ကွက်တွင် တည်ရှိပြီး ၎င်းနေရာမှ ကင်ဆားရာ ရပ်ကွက်ဘက်ရှိ မနောကွင်းအနီးတွင် ရွေ့ပြောင်းရန် မြို့နယ်အဖွဲ့များမှ စီစဉ်ဆောင်ရွက်နေကြောင်း ‌တနိုင်းမြို့ဈေးသည်များထံမှ သိရသည်။

ယင်းကဲ့သို့ တနိုင်းမြို့ညနေဈေးကို ရွေ့ပြောင်းမှုပြုလုပ်ပါက ကင်ဆားရာရပ်ကွက်ဘက်သည် မြို့အပြင်ဘက်တွင်ရှိနေသည့်အတွက် ဈေးသည်များ မိုးတွင်းရာသီချိန်တွင် သွားလာရန်အခက်အခဲများရှိနိုင်ပြီး ဈေးဝယ်သူများအတွက်လည်း လာရောက်ဝယ်ယူရန် အခက်အခဲကြုံတွေ့နိုင်သည့်အတွက် ဈေးဝယ်သူများနည်းလာနိုင်ကြောင်း ဈေးသည်တစ်ဦးက ပြောပြသည်။

“အခုမနောကွင်းဘက်ဆိုတော့ နေရာကလည်းဝေး မိုးတွင်းဆို ပိုဆိုးပြီး အရောင်းဝယ်လည်း မကောင်းနိုင်ဘူး၊နောက်ပြီး‌ အချိန်ကလည်း နာရီပိုင်းလေးပဲ လုရောင်းရတာလေ အဲ့တာဆိုတော့သွားတာနဲ့ပဲ အချိန်ကကုန် ဘာမှမရောင်းရပဲဖြစ်နေမှာပဲ၊ လက်ရှိနေရာက အဆင်အပြေဆုံးပဲ ဈေးကြီးနဲ့လည်းနီးသလို တနိုင်းမြို့ပြနှင့်လည်းကိုက်ညီနေသည့်အချက်အချာကျနေရာဖြစ်တယ်လေ၊ ဈေးရောင်းသူဝယ်သူအားလုံးအဆင်ပြေနေတဲ့ နေရာတစ်ခုပါပဲ”ဟု ၎င်းက ဆိုသည်။

အဆိုပါ တနိုင်းမြို့ညနေစျေးမှာ တနိုင်းမြို့လယ်ရှိ ဟူးကောင်းရပ်ကွက်တွက် နှစ်ပေါင်း ၂၀ ခန့် ဈေးရောင်းဈေးဝယ်သည့် နေရာ ဖြစ်နေသည့်အတွက် စျေးသည်အများစုအတွက် အဆင်ပြေဆုံးနေရာတစ်ခုဖြစ်ကြောင်း ဈေးသည်များထံမှ ‌သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။