Trending Now

မြန်မာနိုင်ငံ၌ လူဦးရေ ခန့်မှန်းခြေ ၅၆ ဒဿမ၂ သန်း ရှိကြောင်း လဝက ထုတ်ပြန်

Spread the love

မြန်မာနိုင်ငံ၌ လူဦးရေ ခန့်မှန်းခြေ ၅၆ ဒဿမ၂ သန်း ရှိကြောင်း လဝက ထုတ်ပြန်

EPN
နေပြည်တော်၊ အောက်တိုဘာ ၃ (၂၀၂၃)

မြန်မာနိုင်ငံ၌ ခန်းမှန်းခြေ လူဦးရေ အမျိုးသား ၂၆ ဒဿမ ၈ သန်း၊ အမျိုးသမီး ၂၉ ဒဿမ ၄ သန်း စုစုပေါင်း လူဦးရေ ၅၆ ဒဿမ ၂ သန်းရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အောက်တိုဘာ ၂ နေ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကို အခြေခံ၍ ခန့်မှန်းတွက်ချက်ထားရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ နှစ်လယ်ဖြစ်သော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ရှိသည့် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၆ ဒဿမ ၂သန်းဖြစ်ပြီး၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် ခန့်မှန်းလူဦးရေစာရင်းမှာ အောက်ပါအတိုင်း ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ ခန့်မှန်းလူဦးရေစာရင်းအရ ရန်ကုန်တိုင်းဒေသကြီးတွင် အမျိုးသား ၄ဒဿမ ၂သန်း၊ အမျိုးသမီး ၄ ဒဿမ ၈သန်းနှင့် စုစုပေါင်း လူဦးရေ ၉သန်း အများဆုံးဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးတွင် အမျိုးသား ၃ ဒဿမ ၂ သန်း၊ အမျိုး သမီး ၃ ဒဿမ ၆ သန်း စုစုပေါင်း ၆ ဒဿမ ၈သန်း၊၊ ရှမ်းပြည်နယ်တွင် အမျိုးသား ၃ ဒဿမ ၄ သန်း၊ အမျိုးသမီး ၃ ဒဿမ ၄သန်း စုစုပေါင်း ၆ ဒဿမ ၈သန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် အမျိုးသား ၃ ဒဿမ ၀ သန်း၊ အမျိုးသမီး ၃ ဒဿမ ၂ သန်း စုစုပေါင်းလူဦးရေ ၆ ဒဿမ ၂ သန်းရှိကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် အမျိုးသား ၁ ဒဿမ ၀ သန်း၊ အမျိုးသမီး ၁ ဒဿမ ၀ သန်း စုစုပေါင်းလူဦးရေ ၂ ဒဿမ ၀ သန်း၊ ကယားပြည်နယ်တွင် အမျိုးသား ဝ ဒဿမ ၂ သန်း၊ အမျိုးသမီး ဝ ဒဿမ ၂ သန်း စုစုပေါင်းလူဦးရေ ဝ ဒဿမ ၄ သန်း၊ ကရင်ပြည်နယ်တွင် အမျိုးသား ဝ ဒဿမ ၈ သန်း၊ အမျိုးသမီး ဝ ဒဿမ ၈ သန်း စုစုပေါင်းလူဦးရေ ၁ ဒဿမ ၆ သန်း၊ ချင်းပြည်နယ်တွင် အမျိုးသား ဝ ဒဿမ ၂ သန်း၊ အမျိုးသမီး ဝ ဒဿမ ၃ သန်း စုစုပေါင်းလူဦးရေ ဝ ဒဿမ ၅ သန်းရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေကြီးတွင် အမျိုးသား ၂ ဒဿမ ၇ သန်း၊ အမျိုးသမီး ၃ ဒဿမ ၀ သန်း စုစုပေါင်းလူဦးရေ ၅ ဒဿမ ၇ သန်း၊ တနင်္သာရီ တိုင်းဒေသကြီးတွင် အမျိုးသား ဝ ဒဿမ ၈သန်း၊ အမျိုးသမီး ဝ ဒဿမ ၈ သန်း စုစုပေါင်းလူဦးရေ ၁ ဒဿမ ၆ သန်း၊ ပဲခူးတိုင်းဒေသ ကြီးတွင် အမျိုးသား ၂ ဒဿမ ၃ သန်း၊ အမျိုးသမီး ၂ ဒဿမ ၇ သန်း စုစုပေါင်းလူဦးရေ ၅ ဒဿမ ၀ သန်း၊ မကွေးတိုင်းဒေသကြီးတွင် အမျိုးသား ၁ ဒဿမ ၈ သန်း၊ အမျိုးသမီး ၂ ဒဿမ ၁သန်း စုစုပေါင်းလူဦးရေ ၃ ဒဿမ ၉ သန်း၊ မွန်ပြည်နယ်တွင် အမျိုးသား ဝ ဒဿမ ၉ သန်း၊ အမျိုးသမီး ၁.၀ သန်း စုစုပေါင်းလူဦးရေ ၁ ဒဿမ ၉ သန်း၊ ရခိုင်ပြည်နယ်တွင် အမျိုးသား ၁ ဒဿမ ၆ သန်း၊ အမျိုးသမီး ၁ ဒဿမ ၈ သန်း စုစုပေါင်းလူဦးရေ ၃ ဒဿမ ၄ သန်း နှင့် နေပြည်တော်ကောင်စီတွင် အမျိုးသား ဝ ဒဿမ ၇ သန်း၊ အမျိုးသမီး ဝ ဒဿမ ၇ သန်း စုစုပေါင်းလူဦးရေ ၁ ဒဿမ ၄ သန်း ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

အမရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။