Trending Now

လူတိုင်းသက်ရှည် ကျန်းမာဖို့ ဩဂဲနစ် သီးနှံစားသုံး စိုက်ပျိုးရေး အသိပညာပေး ဆိုင်ဘုတ်များ စိုက်ထူ

Spread the love

လူတိုင်းသက်ရှည် ကျန်းမာဖို့ ဩဂဲနစ် သီးနှံစားသုံး စိုက်ပျိုးရေး အသိပညာပေး ဆိုင်ဘုတ်များ စိုက်ထူ

EPN
အင်းတော်ကြီး၊ ဇွန် ၁၉

မိုးညှင်းခရိုင် အင်းတော်ကြီးဒေသတွင် ဇွန်လ ၁၅ရက်နေ့မှ စတင်ကာ လူတိုင်းသက်ရှည် ကျန်းမာဖို့ ဩဂဲနစ် သီးနှံစားသုံး စိုက်ပျိုးရန် အသိပညာပေး ဆိုင်းဘုတ်များကို အင်းဘေးပတ်လည်ရှိ ကျေးရွာများတွင် စိုက်ထူလျှက်ရှိကြောင်း သိရသည်။

ဇွန်လ ၁၉ ရက်နေ့ အထိ အင်းတော်ကြီးဒေသ အင်းဘေးပတ်လည်ရှိ ကျေးရွာ ၃၀ကျော်၌ အသိပညာပေး ဆိုင်ဘုတ် အချပ်ရေ ၄၀ ကို စိုက်ထူနိုင်ခဲ့ကြောင်း ယင်းဆိုင်းဘုတ်များ စိုက်ထူနေသည့်အဖွဲ့မှ တာဝန်ခံ ဦးအောင်သက်ရွှေက ပြောပြသည်။

“COVID-19 ကာလမှာက လူစုလူဝေးနဲ့ အသိပညာပေး ဟောပြောပွဲတွေ မလုပ်ဖြစ်ဘူးလေ၊ ဒါကြောင့် အခုလို အသိပညာပေး ဆိုင်းဘုတ်တွေ စိုက်ထူကာ အသိပညာပေးနေတာ ဖြစ်ပါတယ်” ဦးအောင်သက်ရွှေက ဆိုသည်။

အဆိုပါ အဖွဲ့သည် အင်းတော်ကြီးဒေသရှိ သဘာဝသြဂဲနစ် စိုက်ပျိုးရေးကို ကူညီဆောင်ရွက်ပေးနေသည့် FAUNA FLORA INTERNATIONAL နှင့် lNFA သဘာဝသြဂဲနစ်စိုက်ပျိုးရေး အသင်းဖြစ်ကြောင်း သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။