Trending Now

ဥရောပတိုက်ဟာ နှစ်ပေါင်း ၅၀၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုကို ရင်ဆိုင်နေရ

Spread the love

ဥရောပတိုက်ဟာ နှစ်ပေါင်း ၅၀၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုကို ရင်ဆိုင်နေရ

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၄

ဥရောပတိုက်ဟာ နှစ်ပေါင်း ၅၀၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုကို ရင်ဆိုင်နေရပြီး ဥရောပရဲ့ မြေ ၄၇ ရာခိုင်နှုန်းဟာလည်း မြေဆီလွှာခမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဥရောပသမဂ္ဂ အေဂျင်စီက ပြောကြားခဲ့ပါတယ်။

လက်ရှိဥရောပမှာ အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကို ရင်ဆိုင်နေရပြီး တိုက်ကြီးရဲ့ သုံးပုံနှစ်ပုံဟာ ရေကြောင်းပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အားမလုံလောက်မှု နဲ့ ကောက်ပဲသီးနှံအထွက်နှုန်း လျော့ကျမှုနဲ့ ရင်ဆိုင်နေရတယ်လို့ အေဂျင်စီက ပြောပါတယ်။

“ နှစ်စကတည်းက ဥရောပရဲ့ ဒေသတော်တော်များမျာဟာ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုကို ရင်ဆိုင်နေရပြီး သြဂုတ်လအစောပိုင်းမှာ ပိုမိုဆိုးရွားလာခဲ့ပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပြီး ဥရောပရဲ့ ကောက်ပဲသီးနှံအထွက်နှုန်းဟာ ယခင်ငါးနှစ်ကထက် ၁၆ ရာခိုင်နှုန်းအောက်ကို ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

ပြင်းထန်တဲ့ အပူချိန်တွေကြောင့် လေအေးပေးစက်အသုံးပြုမှုတွေ မြှင့်တက်လာခဲ့ပေမယ့် မြစ်ရေခမ်းခြောက်မှုတွေကြောင့် ရေအားလျှပ်စစ် နဲ့ အခြားလျှပ်စစ်ထုတ်လုပ်တဲ့ လုပ်ငန်းတွေဟာ ထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကျောက်မီးသွေးနဲ့ ရေနံသယ်ယူပို့ဆောင်ရေးမှာ အဓိက အသုံးပြုနေတဲ့ သင်္ဘောတင်ဆောင်မှုတွေဟာ မြစ်ရေလျော့ကျမှုတွေကြောင့် အဟန့်အတားတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

Source – aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။