Trending Now

ပါလက်စတိုင်းအာဏာပိုင်တွေရဲ့ လျှောက်ထားချက်ကို ကုလသမဂ္ဂအဖွဲ့ဝင်သစ် ခန့်အပ်ရေးကော်မတီသို့ လွှဲပြောင်းပေးအပ်

Spread the love

ပါလက်စတိုင်းအာဏာပိုင်တွေရဲ့ လျှောက်ထားချက်ကို ကုလသမဂ္ဂအဖွဲ့ဝင်သစ် ခန့်အပ်ရေးကော်မတီသို့ လွှဲပြောင်းပေးအပ်

EPN
နိုင်ငံတကာ၊ ဧပြီ ၉

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌက ပါလက်စတိုင်းအာဏာပိုင်တွေရဲ့ အဖွဲ့ဝင်ဖြစ်ခွင့် လျှောက်ထားချက်ကို အဖွဲ့ဝင်အသစ် ခန့်အပ်ရေး ကော်မတီသို့ တနင်္လာနေ့က လွှဲပြောင်း ပေးခဲ့တယ်လို့ သိရပါတယ်။

မော်လ်တာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး Vanessa Frazier က ကော်မတီဟာ လျှောက်လွာကို ထည့်သွင်းစဉ်းစားဖို့အတွက် တနင်္လာနေ့ မွန်းလွဲပိုင်းမှာ တွေ့ဆုံအဆိုပြုခဲ့ပြီး ယခုလအတွင်း ဆွေးနွေးဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မော်လ်တာဟာ ဧပြီလအတွင်း လုံခြုံရေးကောင်စီဥက္ကဌဖြစ်ပါတယ်။

” ကျွန်တော်တို့ဟာ လေ့လာသူနိုင်ငံအဖြစ် ၁၂ နှစ်ကြာရှိခဲ့ပြီဖြစ်ပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ ပါလက်စတိုင်းနိုင်ငံကို အဖွဲ့ဝင်အဖြစ် အပြည့်အဝလက်ခံခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုကို မြှင့်တင်ပေးမယ်လို့ ရိုးသားစွာမျှော်လင့်မိပါတယ်။” လို့ ပါလက်စတိုင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Riyad Mansour က အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

ပါလက်စတိုင်းအာဏာပိုင်တွေဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ၂၀၁၁ ခုနှစ်က လျှောက်လွှာအပြည့်အစုံကို ပြီးခဲ့တဲ့သီတင်းပတ်က ပြန်လည်တင်သွင်းခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ထပ်မံထည့်သွင်းစဉ်းစားဖို့ တောင်းဆိုခဲ့ပါတယ်။

လျှောက်လွာကို ကုလသမဂ္ဂအဖွဲ့ဝင် ၁၅ ဦးက မဲခွဲဆုံးဖြတ်မှုမပြုလုပ်မီ အဖွဲ့ဝင်အသစ် ခန့်အပ်ရေး ကော်မတီက အဖွဲ့ဝင်ဖြစ်မှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ ကိုက်ညီမှုရှိမရှိ ဦးစွာစစ်ဆေးအကဲဖြတ်ပါတယ်။

ကော်မတီက စစ်ဆေးပြီးနောက် လျှောက်လွာကို ဆိုင်းငံ့ထားနိုင်သလို လုံခြုံရေးကောင်စီမှာ တရားဝင်မဲပေးဖို့အတွက် တင်ပြနိုင်ပြီး အတည်ပြုချက်မှာ အနည်းဆုံး ထောက်ခံမဲ ကိုးမဲလိုအပ်တယ်လို့ သိရပါတယ်။ အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်နဲ့ ဗြိတိန်တို့က ဗီတိုအာဏာအသုံးပြုမယ်ဆိုရင်တော့ လျှောက်လွာဟာ ပယ်ချခံရမှာဖြစ်ပါတယ်။

 

“ကော်မတီဟာ ဧပြီလအတွင်း လျှောက်လွာကို အကဲဖြတ်ပေးရမယ်” လို့ မော်လ်တာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး Vanessa Frazier က အစည်းဝေးမတိုင်မီသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

လုံခြုံရေးကောင်စီဟာ ပါလက်စတိုင်းအာဏာပိုင်တွေရဲ့ လျှောက်ထားချက်ကို တနင်္လာနေ့ အစောပိုင်းက တံခါးပိတ်ဆွေးနွေးခဲ့ပြီး ဧပြီလ ၁၈ ရက်နေ့ အရှေ့အလယ်ပိုင်းဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

အစ္စရေးနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး Gilad Erdan က ပါလက်စတိုင်းနိုင်ငံဟာ အစ္စရေးနိင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာမယ်လို့ တနင်္လာနေ့ အစောပိုင်းက ပြောကြားခဲ့ပါတယ်။

“ပါလက်စတိုင်းနိုင်ငံတော်အဖြစ် ရပ်တည်ခွင့်ပေးလိုက်တာဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရုံသာမက၊ လူတိုင်းနားလည်နိုင်တဲ့ အခြေခံမှုကို ချိုးဖောက်ရာရောက်နေပါတယ်။” လို့ Gilad Erdan က ပြောပါတယ်။

“ကုလသမဂ္ဂဟာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးကို နှစ်ပေါင်းများစွာဖျက်စီးနေခဲ့တာပါ။ ဒီနေ့ ဟာ တော့ ဘယ်တော့မှ နောက်ပြန်မလည့်နိုင်မယ့် ခြေလှမ်းအစဖြစ်ပါတယ်။” လို့ Gilad Erdan က ပြောပါတယ်။

Ref; Reuters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။