Trending Now

တရုတ်ရဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်မှု ၂ ဆမြင့်တက်လာတယ်လို့ အမေရိကန်ပြော

Spread the love

တရုတ်ရဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်မှု ၂ ဆမြင့်တက်လာတယ်လို့ အမေရိကန်ပြော

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၃၀

တရုတ်နိုင်ငံဟာ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ၂ ဆနီးပါးမြင့်တက်လာပြီး ၂၀၃၅ ခုနှစ်မှာ နျူကလီးယား ထိပ်ဖူးပိုင်ဆိုင်မှု ၁၅၀၀ အထိရှိလာနိုင်တယ်လို့ ပင်တဂွန်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

တရုတ်ဟာ နျူကလီးယားပိုင်ဆိုင်မှုဟာ ခန့်မှန်းထားတာထက် လျင်မြန်စွာ မြင့်တက်လာပြီး လက်ရှိ နျူကလီးယားထိပ်ဖူး ၄၀၀ အထိ ပိုင်ဆိုင်ထားတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာ အမေရိကန်ပြည်ထောင်စုက နျူကလီးယားထိပ်ဖူး ၃၇၅၀ ပိုင်ဆိုင်ထားလို့ တရုတ်နိုင်ငံရဲ့ ပိုင်ဆိုင်မှုထက် သာနေသေးပေမယ့် တရုတ်က နျူကလီးယားကို အလျင်အမြန်တည်ဆောက်နေတာကြောင့် မကြာခင်အချိန်မှာ အမေရိကန်နီးပါးရောက်ရှိလာမယ်လို့ ဆိုပါတယ်။

နျူကလီးယား ဖျက်သိမ်းရေးဆိုင်ရာ ဆွေးနွေးမှုတွေအတွင်း တရုတ်နိုင်ငံပါဝင် ဆွေးနွေးဖို့ ဘိုင်ဒင်က တိုက်တွန်းခဲ့ပေမယ့် တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်ရဲ့ နျူကလီးယားစွမ်းရည်ဟာ အမေရိကန်နဲ့ ရုရှားတို့ထက် နောက်ကျနေသေးတယ်လို့ ငြင်းဆိုခဲ့ပါတယ်။

အမေရိကန်ဟာ နျူကလီးယားအင်အားကြီး နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်ကို တစ်ပြိုင်နက် ဟန့်တားဖို့နည်းလမ်းရှားဖွေနေတာဟာ အမေရိကန်အတွက် မသေခြာအရေရာမှုတွေကိုသာ ဖန်တီးနေတဲ့ အတွက် အစီအစဉ်တွေကို ပြန်လည်သုံးသပ်ဖို့ ဘိုင်ဒင်အစိုးရကို ပင်တဂွန်က တိုက်တွန်းထားပါတယ်။

— ကိုးကား —
AP
Ref; China to increase nuclear warheads to 1,500, Pentagon warns

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။