Trending Now

ပုသိမ်မြို့နယ်တွင် ငွေကျပ် ၅ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

ပုသိမ်မြို့နယ်တွင် ငွေကျပ် ၅ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မတ် ၇ (၂၀၂၄)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ငွေကျပ် ၅ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ မတ်လ ၁ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ် ဆေးဝါးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပုသိမ်မြို့နယ်၊ ချောင်းသာကျေးရွာအနီး သဲဖြူကျွန်းအနောက်မြောက်ဘက် ရေမိုင် ၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် မသင်္ကာဖွယ် စက်လှေအား စစ်ဆေးခဲ့ရာ စက်လှေပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၅ ဒဿမ ၂၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒဿမ ၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းဖမ်းဆီးရမိသူများအား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ မောင်မောင်လေး (ခ)သိန်းဝင်းအား ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အမှတ် (၂)ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ညနေ ၅ နာရီအချိန် ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာတွင် စိတ်ကြွရူးသွပ်ဆေးပြားများ တင်ပို့ပေးခဲ့သူများဖြစ်ကြသည့် ဝင်းသိန်းထွန်း (ခ)နေသူနှင့် လင်းထွန်းဟန် (ခ)သားပုတို့ ၂ ဦးအား စက်လှေတစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး တရားခံများကို သက်ဆိုင်ရာ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ အမှုဖွင့်ထားရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။